ရီိယိုဒီဂျနေရိုးကို ဘီဘီစီနဲ့အတူ သွားရောက်တော့မယ့် ရီယိုဖာဒီနန်

a.jpg
Shares 0

ဇွန်လ(၁၂)ရက်ကနေ ဇူလိုင်(၁၃)ရက်အထိ ဘရာဇီးလ်နိုင်ငံမှာ ကျင်းပြပြုလုပ်မယ့် ၂၀၁၄ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အင်္ဂလန်လက်ရွေးစင်နဲ့အတူ လိုက်ပါကစားမှာမဟုတ်တော့တဲ့ မန်ယူနောက်ခံလူ ရီယိုဖာဒီနန်အနေနဲ့ တစ်တပ် တစ်အားဆိုသလို တတ်နိုင်တဲ့ဘက်ကနေ ပံ့ပိုးဖို့အတွက် ဘီဘီစီဘောလုံးဝေဖန်ရေးအဖွဲ့နဲ့အတူ လိုက်ပါဖို့သေ ချာသွားခဲ့ပါပြီ။ ရီယိုဖာဒီနန်အနေနဲ့ အခြားအင်္ဂလန်လက်ရွေးစင်ဟောင်းများဖြစ်ကြတဲ့ ဂယ်ရီလိုင်နီကာ၊ အလန် ရှီးယား၊ မန်ယူအသင်းဖော်ဟောင်းဖီးလ်နဗီးလ်တို့နဲ့အတူ ဘီဘီစီဘောလုံးဝေဖန်ရေးသမားအဖြစ် လိုက်ပါလာ မှာဖြစ်ပါတယ်။ (၃၅)နှစ်အရွယ်ရှိနေပြီဖြစ်တဲ့ ရီယိုဖာဒီနန်ဟာ တောင်ကိုရီးယား-ဂျပန် မှာကျင်းပခဲ့တဲ့ ၂၀၀၂ ကမ္ဘာ့ဖလား၊ ဂျာမနီနိုင်ငံက လက်ခံကျင်းပပေးခဲ့တဲ့ ၂၀၀၆ ကမ္ဘာ့ဖလားပြိုင်ပွဲများဆီမှာ ကိုယ်တိုင်ဝင်ရောက် ကစားခဲ့ဖူးသူဖြစ်ပြီး ၂၀၁၀ တောင်အာဖရိက ကမ္ဘာ့ဖလားကိုတော့ ဒဏ်ရာကြောင့် လွဲချော်ခဲ့ရသူပါ။ ၂၀၁၄ ဘရာဇီးလ်ကမ္ဘာ့ဖလားမှာ ပါဝင်ကစားနိုင်ဖို့အခြေအနေမပေးတော့ပေမယ့်လည်း ကွင်းပြင်ပကနေ အခုလိုမျိုး ပံ့ပိုးပေးတော့မှာဖြစ်ပါတယ်။

“ဘီဘီစီရဲ့ အစီအစဉ်မှာ ပါဝင်ဖို့အတွက်ကို မစောင့်နိုင်အောင်ပဲဗျာ။ အရမ်းစိတ်လှုပ်ရှားစရာကောင်းတဲ့အတွေ့ ကြုံတွေရလာတော့မှာပါ။ ကျွန်တော်က ကွဲပြားခြားနားနဲ့ လေ့လာဆန်းစစ်ချက်တွေ၊ အတွင်းကျကျသုံးသပ်မှု တွေကို ကစားသမားအတွေ့အကြုံများနဲ့ ယှဉ်ပြီး ပြောပြသွားမှာပါဗျာ”လို့ အင်္ဂလန်လက်ရွေးစင်အသင်းနဲ့အတူ ၁၉၉၇ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ (၈၁)ပွဲကစားပြီး (၃)ဂိုးသွင်းပေးခဲ့တဲ့ ရီယိုဖာဒီနန်က ပြောပြခဲ့ပါတယ်။သူ့ အသက်အရွယ်အရဆိုရင် မကြာခင်နှစ်များအတွင်းမှာ ဘောလုံးကစားခြင်းကနေ အနားယူဖို့နီးစပ်နေပြီဖြစ်ကာ နည်းပြဘက်ကို ကူးမလား၊ ဒါမှမဟုတ် ဘောလုံးဝေဖန်ရေးဘက်ကို ကူးမလားဆိုတာကတော့ ကာယကံရှင်ရဲ့ ဆုံးဖြတ်ချက်နဲ့သာ သက်ဆိုင်ပါလိမ့်မယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *