ထိပ်ဆုံးလေးနေရာ အပြောင်းအလဲမရှိခဲ့တဲ့ ပွဲကျပ်ကာလ ပရီးမီးယားလိဂ်ပွဲစဉ် (၁၄)

bendtner_2755519b.jpg
Shares 0

အခုရာသီမှာ ခြေစွမ်းကောင်းမွန်နေပြီး ချန်ပီယံလိဂ်မှာကော ပရီးမီးယားလိဂ်မှာပါ ရလဒ်ကောင်းတွေရခဲ့တဲ့ အာဆင်နယ်အသင်းဟာ မနေ့ က ဒီဇင်ဘာပွဲကျပ်ကာလ ပရီးမီးယားလိဂ်ပွဲစဉ် ၁၄ မှာ ဟူးလ်စီးတီး အသင်းကို အနိုင်ယူပြီး ဇယားထိပ်ဆုံးမှာ ဆက်လက်ဦးဆောင်နေပါတယ်။ ဂျီရူးမပါဝင်တဲ့ အာဆင်နယ်တိုက်စစ်ကို ဦးဆောင်လာတဲ့ ဘန်တနာက ပွဲအစ ၂ မိနစ်မှာ တင် ခေါင်းတိုက်ဂိုးသွင်းယူပြီး ဂန်းနားပရိတ်သတ်တွေကို ပျော်ရွှင်စေခဲ့ပါတယ်။ ဒုတိယပိုင်းပြန်စပြီး နှစ်မိနစ်မှာတင်ပဲ ရမ်ဆေးနဲ့ အိုဇေးအပေးအယူလုပ်ပြီး အိုဇေးက အာဆင်နယ်အသင်းအတွက် ဒုတိယဂိုးကို ထပ်သွင်းခဲ့ပြီး အာဆင်နယ်အသင်းကို ဇယားထိပ်ဆုံးမှာ ၃၄ မှတ်နဲ့  ဦးဆောင်စေခဲ့ပါတယ်။ ဒုတိယနေရာက ချယ်လ်ဆီးအသင်းက ဆန်းဒါးလန်းအိမ်ကွင်းမှာ ဂိုးအပြိုင်အဆိုင် သွင်းယူပြီး ၃-၄ ဂိုးနဲ့ အနိုင်ရရှိကာ ရမှတ် ၃၀ ၊ အာဆင်နယ်နဲ့ ၎မှတ်အကွာ နေရာမှာပါ။ မန်စီးတီး၊ စပါး၊ လီဗာပူးလ်၊ စတဲ့အသင်းကြီးတွေ နိုင်ပွဲကိုယ်စီရရှိခဲ့ပေမယ့် ဒေးဗစ်မိုယက်စ်ရဲ့ မန်ယူအသင်းကတော့ ကံမကောင်းစွာဘဲ အိမ်ကွင်းမှာ ပြိုင်ဘက် အဲဗာတန်အသင်းကို ၀-၁ နဲ့ ရှုံးနိမ့်ခဲ့ရလို့  ပရီးမီးယားလိဂ် ဇယားမှာ အဆင့်ကိုးနေရာကို ကျဆင်းသွားခဲ့ပြီး အာဆင်နယ်အသင်းနဲ့  ၁၂ မှတ်အထိ ကွာဟသွားခဲ့ပါပြီ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *