ကမ္ဘာတစ်ဝှမ်း PS4 အလုံးရေ ၂ဒဿမ ၁သန်း ရောင်းထွက်

ps4_4_610x407.jpg
Shares 0

 

Sony ထုတ် PS4 ဂိမ်းစက်ဟာ အရေးပါတဲ့ မှတ်ကျောက်တိုင်သစ်တစ်ခုကို ထပ်ပြီးစိုက်ထူနိုင်ခဲ့ပါတယ်။ စက်ထွက်ပြီး ရက်သတ္တပတ် အနည်းငယ်အတွင်းမှာပဲ PS4 ဂိမ်းစက်အလုံးရေ ၂ ဒဿမ ၁ သန်း ကို ကမ္ဘာတစ်ဝှမ်းမှာ ရောင်းထွက်ခဲ့ ပါတယ်။

လက်လီရောင်းချခဲ့တဲ့ စက်အလုံးရေ အပါအ၀င် နိုင်ငံခြားတင်ပို့ခဲ့တဲ့ အလုံးရေ ရောင်းချနှုန်း စာရင်းကို ခပ်မြန်မြန်ပဲ Sony က တင်ထုတ်ပြန်ခဲ့ပါတယ်။ နိုဝင်ဘာ ၁၅ရက်နေ့၊ မြောက်အမေရိကမှာ ရောင်းအားတက်ခဲ့ပြီး PS4 ဟာ ဈေးကွက်မှာ ပေါက်ခဲ့ပါတယ်။ အမေရိက နဲ့ ကနေဒါမှာ စတင်ဖြန့်ချိတဲ့ အချိန်ကနေ ၂၄နာရီအတွင်း PS4 ဂိမ်းစက်အလုံးရေ ၁ သန်းရောင်းထွက်ခဲ့တယ်လို့လည်း Sony က သတင်းထုတ်ပြန်ခဲ့ဖူးပါသေးတယ်။ နိုဝင်ဘာ ၂၉ရက်နေ့ မှာတော့ ကမ္ဘာတစ်ဝှမ်းလုံးကို ရောင်းချပေးခဲ့ပြီး လတ်တလော ၃၂နိုင်မှာ ၀ယ်ယူရရှိနိုင်ပါပြီ။

ပြီးခဲ့တဲ့လတုန်းက Microsoft ကထုတ်တဲ့ Xbox Oneဟာလည်း ၂၄ရီအတွင်း အလုံးရေ ၁သန်း ရောင်းထွက်ခဲ့တယ်လို့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။ ဂိမ်းစက်အရောင်းအားကို Microsoft က နောက်ထပ် ထုတ်ပြန်ကြေညာချက် မရှိသေးဘူးလို့ သိရပါတယ်။

Ref:cnet

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *