Paul Walker နောက်ဆုံးသရုပ်ဆောင်ထားတဲ့ရုပ်ရှင်ဇာတ်ကားရဲ့အနာဂါတ်

paul_walker_films_future.jpg
Shares 0

ပြီးခဲ့တဲ့အပါတ်က သရုပ်ဆောင် Paul Walker သေဆုံးခဲ့ပေမယ့်လည်း သူ့ရဲ့နောက်ဆုံးရုပ်ရှင်ဇာတ်ကား Hours ရဲ့ထုတ်လုပ်သူတွေက စီစဉ်ထားတဲ့အတိုင်း ဇာတ်ကားကိုထုတ်လုပ်ဖြန့်ချီမယ်လို့ ဆုံးဖြတ်ချက်ချခဲ့ပါတယ်။

ပြီးခဲ့တဲ့စနေနေ့က ကာလီဖိုးနီးယားပြည်နယ် Santa Clarita မှာ အသက်လေးဆယ်ရှိပြီဖြစ်တဲ့ Paul Walker သေဆုံးခဲ့တာဖြစ်ပါတယ်။ Walker နဲ့သူ့ရဲ့စီးပွားရေးလုပ်ဖေါ်ကိုင်ဖက် Roger Roads တို့နှစ်ဦးဟာ အလှုအတန်းနဲ့ပါတ်သတ်တဲ့ ပွဲတစ်ပွဲကိုတက်ဖို့အသွား သူတို့မောင်းလာတဲ့ Porsche ကားဟာ လမ်းမီးတိုင်တစ်တိုင်နဲ့သစ်ပင်တစ်ပင်ကိုတိုက်မိပြီး  မီးလောင်ကျွမ်းခဲ့ရတာဖြစ်ပါတယ်။

ဒီဇင်ဘာ ၁ရက်နေ့မှာတော့ အဲဒီ့ရုပ်ရှင်ကိုထုတ်လုပ်တဲ့ကုမ္ပဏီတွေက အကြီးအကဲတွေဟာ ဒီဇာတ်ကားရဲ့အနာဂါတ်အတွက် တွေ့ဆုံခဲ့ကြပြီး Walker ကိုဂုဏ်ပြုတဲ့အနေနဲ့ ဒီရုပ်ရှင်ကိုဆက်ထုတ်မယ်လို့ ဆုံးဖြတ်ချက်ချခဲ့တာဖြစ်ပါတယ်။

“အပြန်အလှန်ဆွေးနွေးပြီးတဲ့နောက်မှာ ဒါဟာကျွန်တော်တို့ရဲ့ဆုံးဖြစ်ချက်ဖြစ်ပါတယ်။ ဒါဟာ Paul ရဲ့ ပြောင်မြောက်တဲ့ သရုပ်ဆောင်မှုပါ။ သူကဒီကားရဲ့ အခြေခံပါပဲ။ Paul သာရှိရင် ကျွန်တော်တို့ကိုရှေ့ဆက်သွားစေချင်မှာပဲ။ ဒီစီမံကိန်းနဲ့ပါတ်သတ်ပြီး Paul ကမယုံနိုင်လောက်အောင်ကိုဂုဏ်ယူနေခဲ့တာပါ” လို့ Pentelion ရုပ်ရှင်ထုတ်လုပ်ရေးရဲ့ CEO Presburger က ပြောပါတယ်။

Universal ရုပ်ရှင်ထုတ်လုပ်ရေးက သူဌေးကြီးတွေကတော့ Fast & Furious 7 ဇာတ်ကားကိုဘယ်လိုဆက်သွားရမလဲဆိုတကာကို ဆွေးနွေးအဖြေရှာနေရပါပြီ။

Ref:starpulse

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *