အထာကျကျ အမျိုးသားဖက်ရှင်

2565931_1009.jpg
Shares 0

ဆောင်းတွင်းရောက်ပြီဆိုတော့ အရင်ကသိမ်းထားတဲ့ ဂျက်ကတ် hoodie လေးတွေ ပြန်ထုတ်ပြီး ဘယ်လိုဖက်ရှင်ဒီဇိုင်းမျိုး ၀တ်ဆင်ရင်ကောင်းမလဲဆိုတာ နည်းနည်းခေါင်းစားရမယ့် အချိန်ရောက်လာပါပြီ။ ရာသီဥတုက အရမ်းကြီးမအေးရင်တောင် ဒီဇင်ဘာဆိုတဲ့ စိတ်ခံစားမှုနဲ့ ရှိုးထုတ်နိုင်တယ် မဟုတ်ပါလား။ ဒီတော့ အမျိုးသားဖက်ရှင်ဒီဇိုင်းတွေထဲက လူငယ်ဆန်ပြီး အထာကျမယ့် ဒီဇိုင်းမျိုးလေးတွေ အခုရွေးချယ်ပေးလိုက်ပါတယ်။

၁။ လက်ဖြတ်ထားတဲ့ ဂျင်းဂျက်ကတ်တွေရှိရင် ထုတ်ဝတ်ပါ။ အောက်ခံအကျီက အရောင်မွဲနေရင်တောင် အပေါ်ဂျက်ကက်ထပ်ဝတ်လိုက်ရင် အထာကျသွားတတ်တာကြောင့် ဖိနပ်နဲ့ ဦးထုပ်ကို  ပါင်းစပ်ဝတ်ကြည့် လိုက်ပါ။ ဆောင်းတွင်းမို့ snapback အစား Snow Cap Hat လေးတွေ ဆင်မြန်းကြည့်လို့ ရပါတယ်။

၂။ဂျင်းဂျက်ကတ်တွေ၊ ဂျင်းဘောင်းဘီတွေကတော့ အမျိုးသားတွေအတွက် ဘယ်တော့မှ ရိုးမသွားမယ့် ဖက်ရှင်ပါပဲ။ အားလုံးနဲ့မတူကွဲထွက်နေတဲ့ ဖက်ရှင်ဒီဇိုင်းမျိုးကို လိုချင်တယ်ဆိုရင်တော့ စီးနေကျဖိနပ်အစား underground ဖိနပ်အမြင့်တွေ စမ်းစီးကြည့်လိုက်ပါ။

၃။ရှပ်အကျီအကွက်လက်ရှည်အမိုက်စားတွေရှိရင် အ၀တ်ဘီရိုထဲက ထုတ်ထားလိုက်ပါတော့။ ကာလာစုံကို တစ်နေ့တစ်မျိုး ဆင်မြန်းရမယ့်အချိန်ရောက်ပါပြီ။ အရင်တစ်ထပ်တည်း ၀တ်နေကျဆိုရင်တော့ ခုအောက်က တီရှပ်တစ်ထည်ခံပြီး ၀တ်ဆင်လိုက်ပါ။

၎။မိုးတွင်းက ၀ယ်ထားတဲ့ မိုးကာသားဂျက်ကတ်တွေက ဆောင်းတွင်းမှာ အရေးမပါတော့ဘူးလို့ မသတ်မှတ်စေချင်ပါဘူး။ ကိုယ်နဲ့အပွကြီး မဟုတ်တဲ့ မိုးကာသားဂျက်ကတ်မိုးတွေရှိရင် ပုံမှာပြထားတဲ့အတိုင်း ကာကီရောင် ဘောင်းဘီဖျော့၊ ဒါမှမဟုတ် အရောင်အရင့်တွေနဲ့ တွဲဝတ်ကြည့်လိုက်ပါ။ အရေးကြီးတာက ၀တ်တဲ့ဘောင်းဘီက အပွကြီး ဖြစ်မနေဖို့နဲ့ ရွေးချယ်တဲ့ဖိနပ်မှန်ကန်ဖို့ပါပဲ။ ခေါင်းရှုပ်မခံချင်ရင် ပုံထဲကအတိုင်း Vans ဒါမှမဟုတ် All Star Converse နဲ့သာ တွဲဝတ်လိုက်ပါ။

၅။Long Coat တွေကို ၀ယ်ပြီးမှ ဘယ်မှာဝတ်ရမှန်းမသိ၊ ဘယ်လိုဝတ်ရမှန်းမသိဖြစ်နေရင် သိပ်စိတ်ရှုပ်ခံမနေပါနဲ့။ ရှိုးပွဲတွေ၊ ပါတီနဲ့ သူငယ်ချင်းတွေနဲ့ လျှောက်လည်တဲ့အခါ ပုံမှာပြထားသလို ဆင်မြန်းသွားကြည့်လိုက်ပါ။ snapback လေးလည်း မပါမဖြစ် ယူသွားဖို့ မမေ့နဲ့နော်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *