ဂျာမန်လက်ဝှေ့သမားကို လက်ဝှေ့လောကထဲက ထွက်ခွာသွားအောင်အနိုင်ယူပြမယ့် ဒါရင်းဘက်ကာ

d.jpg
Shares 0

လာမယ့်စနေနေ့ကျရင် ဂျာမနီနိုင်ငံ၊ စတုဂတ်မြို့မှာ IBF မစ်ဒယ်လ်ဝိတ်တန်းချန်ပီယံရှစ်ပွဲစဉ်အဖြစ် လက်ရှိ ချန်ပီယံ ဒါရင်းဘက်ကာနဲ့ စိန်ခေါ်သူ (၃၄)နှစ်အရွယ်ဂျာမနီနိုင်ငံသားဖီးလစ်စတာအမ်တို့ ထိုးသတ်တော့မှာ ဖြစ်ပါတယ်။ စတာအမ်ဟာ ကမ္ဘာ့ချန်ပီယံတစ်ဦးဖြစ်ခဲ့ဖူးပြီး ချန်ပီယံဘွဲ့ကို (၅)နှစ်ကြာထိန်းသိမ်းနိုင်ခဲ့ကာ ပြီးခဲ့တဲ့နှစ်ကမှ ဒန်နီရယ်ဂီလီကြောင့် အဆုံးသတ်ခံရသူပါ။ စတာအမ်ကို အနိုင်ယူခဲ့တဲ့ ဒန်နီရယ်ဂီလီကို ပြီးခဲ့တဲ့သြဂုတ်လမှာ ဒါရင်းဘက်ကာက အနိုင်ယူကာ IBF ကမ္ဘာ့မစ်ဒယ်လ်ဝိတ်ချန်ပီယံဘွဲ့ကိုရယူထားခဲ့ တာဖြစ်ပါတယ်။ “ဒီပွဲက အဟောင်းနဲ့အသစ်တို့ရဲ့ပွဲဆိုတော့ အရေးကြီးတာပေါ့ဗျာ။ ဖီးလစ်ရဲ့ လက်ဝှေ့သ မားဘ၀ကို အဆုံးသတ်ပေးမယ့်သူက ကျွန်တော်ပါ။ နားထောင်ရတော့ ဆိုးမှာပေါ့ဗျာ။ဒါပေမယ့် ကမ္ဘာ့ချန်ပီ ယံတစ်ဦးအနေနဲ့ အကြာကြီးရပ်တည်သွားမှာဖြစ်လို့  ဒီလိုပဲလုပ်ရမှာပဲ။ သူက ချန်ပီယံဘွဲ့ကို (၆)နှစ်လောက် ထိ ထိန်းထားနိုင်ခဲ့တဲ့ ဂရိတ်လက်ဝှေ့သမားဖြစ်လို့ ဘယ်တော့မှလျော့တွက်မှာ မဟုတ်ပါဘူး။ ကျွန်တော်ကို က အရမ်းကို ယုံကြည်ချက်တွေပြည့်လွန်းနေတယ်။ သူက နှစ်တွေအကြာကြီးထိုးခဲ့တဲ့သူပါ။ ပိုက်ဆံလဲအတော်အ တန်စုမိနေလောက်ရောပေါ့။ အများကြီးလည်း အောင်မြင်ခဲ့ပြီးပြီ။ အနားယူဖို့အချိန်ကျလာပြီလို့ ပြောချင်တာပါ ဗျာ”လို့ (၃၁)နှစ်အရွယ် ဒါရင်းဘက်ကာက ပြောခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *