ဆီးဂိမ်းမှာ ပါဝင်ရတဲ့အတွက် ပျော်လည်းပျော် ဂုဏ်လည်းယူပါတယ်ဆိုတဲ့ ခိုင်သဇင်ယုဝါ

1470304_1475863179306025_1350836481_n.jpg
Shares 0

မြန်မာနိုင်ငံမှာ အိမ်ရှင်အဖြစ်လာရောက်ကျင်းပမယ့် ဆီးဂိမ်းပွဲမှာ ဖဲကြိုးဖြတ်ပေးရမယ့် မော်ဒယ် ခိုင်သဇင်ယုဝါက ဆီးဂိမ်းနီးလာတဲ့အတွက် ပျော်လည်းပျော်၊ ရင်တွေလည်း ခုန်နေပါတယ်တဲ့။ ဆီးဂိမ်းမှာ သူမပါဝင်ရမယ့် နေရာနဲ့ သူမရဲ့ ဖက်ရှင်နဲ့ပတ်သက်ပြီး ‘ဖွင့်ပွဲကို ဖဲကြိုးဖြတ်ပေးဖို့ရှိတယ်။ ဒီဇင်ဘာ ၁၀ ရက်နေ့မှာပေါ့။ ပွဲမှာ ၀တ်မယ့် ၀တ်စုံအရောင်ကတော့ အနီရောင်ပါ။ Stylish Sett Latt Kaung က စီစဉ်ပေးမှာပါ။ ခုလို ဆီးဂိမ်းပွဲမှာ ပါဝင်ခွင့်ရတဲ့အတွက် ပျော်လည်းပျော်ပါတယ်။ နောက် ဂုဏ်လည်းယူပါတယ်’တဲ့။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *