Dead Sea နဲ့ပတ်သတ်ပြီး သင်မသိသေးတဲ့ စိတ်ဝင်စားစရာအချက် များ

Shares 0

Dead Sea ကိုအများအားဖြင့် “Sea of Salt” သို့မဟုတ် “The Sea of Death” ဆိုပြီး ခေါ်ဆိုကြပြီး သူက ” ဆားရေကန်” တစ်မျိုးဖြစ်ပါတယ်။
ဂျော်ဒန်အရှေ့ပိုင်းနဲ့ အစ္စရေး အနောက်ဘက်မြစ်ကမ်းပါးတစ်လျှောက်မှာ တည်ရှိပါတယ်။

Dead Sea ကို ဘုရင်ကြီး ဒေးဗစ်အပါအဝင် ကမ္ဘာ့ပထမဆုံး
ကျန်းမာရေး အပန်းဖြေစခန်းတစ်ခုအဖြစ် သတ်မှတ်ခဲ့ပါတယ်။
သတ်မှတ်ခဲ့ရတဲ့ စိတ်ဝင်စားဖွယ်အကြောင်းရင်းတွေကို အားလုံးသိအောင်ဝေမျှပေးလိုက်ပါတယ်။

Dead Sea ရဲ့အပေါ်ယံမျက်နှာပြင်နဲ့ ကမ်းခြေဟာ
၄၂၃ မီတာ(၁၃၈၈ ပေ) ရှိပြီး ကမ္ဘာ့ရေ
အနက်ဆုံး ပင်လယ်တစ်ခုအဖြစ်သတ်မှတ်ထားပါတယ်။

Dead Sea ဟာ ၃၇၇မီတာ (၁၂၃၇ ပေ)အနက်ရှိပြီး
hypersaline lake လို့လည်း တစ်မျိုးခေါ်ကြပါတယ်။ hypersaline lake မှာ ဆိုဒီယမ် ကလိုရိုက်ဒ်နဲ့ အခြား ဆားဆော်ဒါတွေပျော်ဝင်
နေတာကြောင့် ဖြစ်ပါတယ်။

ဆားငန်ရေ ၃၄.၂% ရှိတာကြောင့် ကမ္ဘာ့ပထမဆုံး ဆားငန်ရေ
ပါဝင်မှုအများဆုံး ကန်လို့သတ်မှတ်ထားပါတယ်။

ဆားငန်ရေဖြစ်တာကြောင့် လူတွေဟာ ရေမျက်နှာပြင်ပေါ်မှာ
သဘာဝတိုင်းပေါလောပေါ်နေပြီး နစ်မြှုပ်သွားခြင်းမရှိပါဘူး။
အမေရိကန်ပြည်နယ်က Utah မှာလည်း Dead Seaလိုပဲ
အလားတူ ဆားငန်ရေကန် တစ်ကန်ရှိပါတယ်။

Dead Sea ဟာ ၆၇ကီလိုမီတာ(42 mi) ရှည်ပြီး ၁၈ကီလိုမီတာ
(11 mi) ကျယ်ဝန်းပါတယ်။ ဂျော်ဒန်ရဲ့ အဓိကမြစ်လက်တတ် နဲ့
ကျောက်ဆောင်ကြီးတွေနားမှာ တည်ရှိပါတယ်။

Dead Sea ဧရိယာဟာ ကျန်းမာရေးသုတေသနတွေနဲ့
အခြားအကြောင်းအမျိုးမျိုးသော ကုထုံးတွေအတွက် အဓိကထားရာ
နေရာတစ်ခုဖြစ်လာခဲ့ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *