အရင်းနှီးဆုံးသူငယ်ချင်းဖြစ်သူကပြောပြခဲ့တဲ့ Kim Woo Bin ရဲ့ ကျန်းမာရေးအခြေအနေ

Shares 0

တောင်ကိုရီးယားမှ နာမည်ကျော်အနုပညာရှင်တစ်ယောက်ဖြစ်တဲ့ Hong Jong Hyun က မင်းသားချော Kim Woo Bin ရဲ့ အရင်းနှီးဆုံးသူငယ်ချင်းတစ်ယောက်ဖြစ်ပါတယ်။ ပရိသတ်တွေသိကြတဲ့အတိုင်းမင်းသား Kim Woo Binဟာကင်ဆာရောဂါကို ခံစားနေရတာကြာပါပြီ။ပထမတစ်ခါခွဲစိတ်ကုသတဲ့သတင်းကြားပြီးကတည်းက သူ့ရဲ့ ကျန်းမာရေးအခြေအနေကိုသေချာမသိရသေးပါဘူး။

အခု ပရိသတ်တွေအတွက် မင်းသား Hong Jong Hyun က သူ့ရဲ့ အနုပညာသက်တမ်း ၁၀နှစ်ပြည့်အမှတ်တရပွဲကနေ စကားလက်ဆောင်ပါးပေးလိုက်ပါတယ်။

အဲ့ဒါကတော့ “Kim Woo Bin ကအရင်ကထက်ပိုပြီးနေကောင်းနေပါပြီ။မကြာခင် အားလုံးအဆင်ပြေသွားတော့မှာပါ။သူ့ရဲ့ သတင်းကိုစသိတုန်းက တကယ့်ကိုရှော့ခ် ရသွားခဲ့ပါတယ်။နေမကောင်းတာသိပေမဲ့ အခုလောက်ထိဖြစ်မယ် လို့မထင်ခဲ့ပါဘူး။ပြီးတော့ သူ့ကိုလည်း အားပေးစကားတွေ အများကြီးပြောခဲ့ပါတယ်။သူက အခုဆိုရင် နေပြန်ကောင်းနေပါပြီ။ မကြာခင်ကျန်းကျန်းမာမာနဲ့ ပရိသတ်တွေရှေ့ရောက်လာတော့မှာပါ။သူနဲ့အတူတူထပ်ပြီး ဇာတ်ကားတွေရိုက်ဖို့လည်း စောင့်နေပါတယ်”လို့ အင်တာဗျူးမှာဖြေသွားခဲ့ပါတယ်။

Kim Woo Bin ရဲ့ အေဂျင်စီကလည်း “Kim Woo Bin က အခုဆေးကုသမှုကိုသေချာ လုပ်နေပါတယ်။သူ လုံးဝနေပြန်ကောင်းသွားရင် ပရိသတ်တွေနဲ့တွေ့ဆုံမှာပါ”လို့ ပြောကြားခဲ့ပါတယ်။

အခုမင်းသား Kim Woo Binရဲ့ ဘေးမှာ သူ့ရဲ့ ချစ်သူ Shin Min Ah ကလည်းအားပေးနေပြီး ပရိသတ်တွေကလည်းနေ့တိုင်းဆုတောင်းစကားတွေနဲ့အားပေးနေတယ်လို့သိရပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *