ဇာတ်မြူး- ဒရာမာဇာတ်လမ်းတွေကို ကြိုက်နှစ်သက်သူတွေအတွက် ” Lady Bird” Trailer

Shares 0

Lady Bird ဇာတ်ကားဟာ အမေရိကန် ဇာတ်မြူး ဒရာမာရုပ်ရှင်မျိုး
ဖြစ်ပြီး ဇာတ်ညွှန်းနဲ့ ဒါရိုက်တာ Greta Gerwig မှရိုက်ကူးထားတာ
ဖြစ်ပါတယ်။ သရုပ်ဆောင်- Saoirse Ronan, Laurie Metcalf, Tracy Letts, Lucas Hedges, Timothée Chalamet, Beanie Feldstein, Stephen McKinley Henderson နဲ့ Lois Smith တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ အမေရိကန်မှာ နိုဝင်ဘာ (၃)ရက်နေ့က ထွက်ရှိတယ်လို့သိရပါတယ်။

၂ဝဝ၂ – ဝ၃ ခုနှစ်က ကျောင်းစာသင်နှစ်ကို အခြေခံရိုက်ကူးထား
တာဖြစ်ပြီး အထက်တန်းစီနီယာ Christine McPherson ဆိုတဲ့ကောင်မလေးကို
အားလုံးက ” Lady Bird” လို့ နာမ်စားသုံးခေါ်ကြတယ်။
သူမအမေနဲ့ သူမရဲ့ဆက်ဆံရေးအပြင် သူမဘဝထဲမှာရှိတဲ့
လူတွေက သူမကို ” Lady Bird” လို့ခေါ်ရတဲ့အကြောင်းရင်းအား
ရယ်စရာဟာသလေးတွေနဲ့အတူ အတုယူစရာ ဘဝသင်ခန်းစာ
လေးတွေကို စိတ်ဝင်စားဖွယ်ရိုက်ပြထားတာကို ကြည့်ရှုရမှာဖြစ်ပါတယ်။ ဇာတ်လမ်းနမူနာလေး ဖော်ပြပေးလိုက်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *