ဖတ်သမျှစာတိုင်းကို မှတ်မိစေနိုင်မယ့် တစ်ခုတည်းသောနည်းလမ်း

Shares 587

နေ့တိုင်းကြုံတွေ့ရသမျှ အဖြစ်ပျက်တွေကို ဦးနှောက်က မှတ်ထားနိုင်
မှာမဟုတ်ပါဘူး။ တကယ်လို့ ရှားရှားပါးပါး မှတ်မိလွယ်တဲ့ဦးနှောက်မျိုး
ပိုင်ဆိုင်ထားသူတွေလည်းရှိပါတယ်။ အဖြစ်ပျက်တွေကမြန်ပေမယ့်
အသေးစိတ်ကအစ မှတ်မိနေတာမျိုးပေါ့။

ဖတ်ဖူးပြီးသား စာတစ်ပုဒ်ကို ဘယ်လောက်ပဲပြန်စဉ်းစားပါစေ…
ဘာကြောင့် မေ့နေရတာလဲ? ရုပ်ရှင်ကားတစ်ကားရဲ့ ခေါင်းစဉ်ကို
သိနေရက်သားနဲ့ နာမည်ကိုပြောဖို့ ပါးစပ်ဖျားလေးတင် မေ့နေတာမျိုး
ဖြစ်တတ်ကြမှာပါ။ သင်ဖတ်ခဲ့ဖူးတဲ့ စာတွေ၊ သို့မဟုတ် အခြား
အကြောင်းရာတွေကို မကြာခဏမေ့နေတတ်ပါသလား? ဒါဟာ သင်
တစ်ယောက်တည်းမဟုတ်ပါဘူး။

မနေ့က နေ့လည်စာ ဘာနဲ့စားခဲ့လဲ သင်စဉ်းစားလို့ရသေးလား?
ဒါဆို ပြီးခဲ့တဲ့အပတ်ကရော? ဘာလို့ဆို ဒီအဖြစ်ပျက်တွေဟာ
သင့်ရဲ့အသက်လောက်အရေးမကြီးတဲ့အရာတွေမို့လို့ မှုန်ဝါးနေတတ်
ပါတယ်။ သာမန်လူတစ်ယောက်ရဲ့ဦးနှောက်မှာ ချက်ချင်းပြန်စဉ်းစား
ရင် မှတ်မိနိုင်စွမ်းက 8GB လောက်ရှိပါတယ်။ ဒါတောင်မှ နည်းနည်း
အရေးပါးတဲ့ကိစ္စတွေလောက်ပဲ ပြန်တွေးတောလို့ရနိုင်မှာပါ။

လူတစ်ယောက်ဦးနှောက်က ဖြစ်သမျှကိစ္စတိုင်းကို မှတ်မိနေနိုင်ဖို့
မဖြစ်နိုင်ပါဘူး။ သင်စာတစ်ကြောင်းကို စဉ်းစားလို့မရဖြစ်နေချိန်
ချက်ချင်း ပြန်လှန်ကြည့်လိုက်ပါ။ ကိုယ်ခက်ခဲစွာစဉ်းစားလိုက်ရတဲ့
စာတစ်ကြောင်းက.. ” သြော်..ဒါပါလား” လို့သိလိုက်ရချိန်မှာ စိတ်ထဲ
စွဲသွားတတ်ပါတယ်။

တစ်ချို့လူတွေက သူတို့မြင်ခဲ့တာကို မှတ်မိနေတတ်ကြတယ်..
ဘာကြောင့်လဲ?
တစ်ခါတစ်လေ ကိုယ်မြင်တဲ့အရာ၊ ကိုယ်တစ်ခေါက်ပဲရောက်ဖူးတဲ့
နေရာရဲ့လမ်းတွေ မေ့နေရင် ကိုယ့်ကိုယ်ကို စိတ်ပျက်သွားတတ်ပါ
တယ်။ ပြီးခဲ့တဲ့လက ကြည့်ခဲ့တဲ့ရုပ်ရှင်အကြောင်းကို သူငယ်ချင်းကလုံးစေ့
ပတ်စေ့ ပြန်ပြောပြနိုင်ပေမယ့် သင့်မှာတော့ ပြန်စဉ်းစားယူနေရတာမျိုး
ကြုံဖူးပါလိမ့်မယ်။ ဒါက လူတစ်ယောက်နဲ့တစ်ယောက်ရဲ့ ခံစားချက်
ပေါ်လည်း မူတည်နေတတ်ပါတယ်။ သင့်ရဲ့ထိုရုပ်ရှင်ပေါ်ထားတဲ့
စိတ်ဟာ ပေါ့ပျက်ရင် မေ့နေတတ်တာမဆန်းပါဘူး။

တစ်ချို့ဆို စာတစ်ကြောင်းကို ခဏလေးဖတ်လိုက်တာနဲ့ မှတ်မိလွယ်နေတာမျိုးပေါ့။ သူတို့ ဦးနှောက်ဟာ သာမာန်ထက်ထူးခြားနေလို့လည်းမဟုတ်ပါဘူး။ သူတို့ဟာ စာတစ်ကြောင်းရဲ့ ဆိုလိုရင်းအဓိပ္ပာယ်ကို သေချာသဘောပေါက်နားလည်နေလို့ပါပဲ။

မှတ်ဥာဏ်ကောင်းစေဖို့အတွက် နည်းလမ်းကောင်းကတော့
တရားထိုင်ခြင်းပါပဲ။ ဆိတ်ငြိမ်တဲ့နေရာမှာ စိတ်ကိုတည်ငြိမ်စွာနဲ့
တရားထိုင်နိုင်ဖို့လိုပါတယ်။ ၁နာရီလောက်ပဲ အချိန်ပေးမယ်ဆို
စာကျက်တာပဲဖြစ်ဖြစ်၊ စာဖတ်တာ၊ ဦးနှောက်နဲ့မှတ်ပြီး လုပ်ရတဲ့
ဘယ်အလုပ်မဆို လုပ်လို့အရမ်းကောင်းသွားပါတယ်။ နောက်တစ်ခုက
မနက်စာ ပုံမှန်စားပေးသင့်ပါတယ်။ မနက်စာမစားဘဲနေတာကလည်း
ဦးနှောက်မှတ်ဥာဏ်အားတွေကို လျော့ကျစေပါတယ်တဲ့။

Shares 587
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *