Pepero Day (Valentine’s Day) မှာ ကိုရီးယားနိုင်ငံသားတွေရဲ့  ချောကလက်အပေးချင်ဆုံးအနုပညာရှင်တွေဖြစ်ခဲ့တဲ့ IU နဲ့ Gong Yoo

Shares 536

နိုဝင်ဘာ ၁၁ရက်နေ့၊တောင်ကိုရီးယားနိုင်ငံမှာကျင်းပမယ့် Pepero Day နေ့မှာ ကိုရီးယားနိုင်ငံသား အများစုက IU နဲ့Gong Yoo တို့ကို Pepero အပေးချင်ဆုံးပဲလို့ စစ်တမ်းထွက်ရှိလာခဲ့ပါတယ်။

Pepero Day က အားလုံးသိကြတဲ့ Valentine’s Day နဲ့ဆင်တူပါတယ်။ကိုရီးယားနိုင်ငံမှာတော့ နိုဝင်ဘာ ၁၁ရက်နေ့မှာကျင်းပမှာပါ။ကိုရီးယားနိုင်ငံကလူငယ် ၃၀၀၀ကျော်ကို အောက်တိုဘာ ၂၇ရက်နေ့ကနေ နိုဝင်ဘာ ၉ရက်နေ့ထိ ဘယ်အနုပညာရှင်ကို Pepero ချောကလက်ချောင်း လက်ဆောင် အပေးချင်ဆုံးလဲဆိုပြီး စစ်တမ်းကောက်ယူခဲ့တယ်လို့သိရပါတယ်။

စစ်တမ်းအရ မိန်းကလေးအနုပညာရှင်ထဲမှာ IU က ၂၇.၉ ရာခိုင်နှုန်း၊ယောက်ျားလေး အနုပညာရှင် ထဲမှာ Gong Yooက ၂၉.၃ရာခိုင်နှုန်းနဲ့ဦးဆောင်နေခဲ့ပါတယ်။ တခြားယောက်ျားလေး အနုပညာရှင်တွေထဲမှာတော့ Park Bo Gum က ၂၉.၂ ရာခိုင်နှုန်း၊ Lee Jong Suk က ၁၄.၆ ရာခိုင်နှုန်း ၊Woo Do Hwan က ၁၁.၃ ရာခိုင်နှုန်း၊Yang Se Jong ကလည်း ၁၁.၃ ရာခိုင်နှုန်း၊ Kim Jae Wook က ၄.၇ ရာခိုင်နှုန်း ၊Gong Myung က ၄.၁ ရာခိုင်နှုန်း ရရှိထားပါတယ်။

မိန်းကလေးအနုပညာရှင်တွေထဲမှာလည်း Suzy က ၂၄.၄ ရာခိုင်နှုန်း ၊Kim Se Jung က ၁၇.၄ ရာခိုင်နှုန်း၊Seo Hyun Jin က ၁၅.၇ ရာခိုင်နှုန်း ၊Seo Ye Ji က ၆.၅ ရာခိုင်နှုန်း ၊Seol hyun က ၆.၅ရာခိုင်နှုန်း ၊Sulli က ၂.၉ ရာခိုင်နှုန်း ရရှိထားတယ်လို့သိရပါတယ်။

ပရိသတ်တွေကရော Pepero Day မှာ ဘယ်သူ့ကို Pepero လက်ဆောင်ပေးချင်လဲ…။

Shares 536
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *