သင့်မိဘတွေအတွက် ဒီအချက်တွေထဲက သင်ဘာတွေလုပ်ပေးပြီးသွားပြီလဲ ?

Shares 0

မိဘတွေကသားသမီးတွေအတွက်အကောင်းဆုံးဆိုတာကိုဖြည့်ဆည်းပေးချင်ကြတဲ့သူတွေဖြစ်သလို သားသမီးတွေကလည်း ကိုယ့်ရဲ့ မိဘတွေအပေါ်ပြန်ပြီးနွေးထွေးစွာစောင့်ရှောက်ပေး ရပါမယ်။တစ်ခါတစ်လေ အမေက သူ့အတွက်ဘာမှမ၀ယ်ပဲနဲ့သားသမီးတွေကိုဦးစားပေးပြီး သားသမီးတွေလိုချင်တာကိုပဲ ၀ယ်လာပေးကြတာကို သတိထားမိကြမှာပါ။

သားသမီးတွေကလည်း  ကိုယ့်ရဲ့ အမေ၊အဖေအပေါ်မှာ ပြန်ပြီး အလိုက်တသိနဲ့ဖြည့်ဆည်းပေးချင် ကြမယ်ထင်ပါတယ်။ တကယ်တမ်းကျတော့ မိဘတွေဆိုတာ ကိုယ့်သားသမီးက ကိုယ့်အတွက် ရည်ရွယ်ပြီးဝယ်လာတဲ့လက်ဆောင်လေးတွေရရင် ဘယ်လောက်ပဲတန်ဖိုးနည်းနည်း အရမ်းပျော်ကြပါတယ်။တခြားသူတွေကိုလည်း ကြွားလို့မဆုံးဘူးပေါ့။အဲ့ဒါကြောင့် ကိုယ့်ရဲ့ အမေ၊အဖေတွေကျေနပ်ပျော်ရွှင်ကြည်နူးသွားစေမယ့် လက်ဆောင်ပစ္စည်းလေးတွေကို ပြောပြပေးချင်ပါတယ်။ဘာတွေလဲဆိုတော့…

၁။ဆံညှပ်လှလှလေးဝယ်ပေးပြီးပြီလား ?

မိန်းကလေးတိုင်းအလှကြိုက်တတ်သလို ကိုယ့်ရဲ့အမေကလည်း လှပတဲ့မိန်းကလေး တစ်ယောက်ဖြစ်တယ်ဆိုတာမမေ့ပါနဲ့။ဆံညှပ်လှလှလေးက ဘယ်နေရာသွားသွား အမြဲပါနေမှာဖြစ်သလို ကိုယ့်အမေကိုလည်းပိုပြီးလှပတင့်တယ်စေမှာပါ။

၂။နာရီ ?

နာရီကတော့ အဖေ့အတွက်မရှိမဖြစ်ပေါ့။ဖုန်းမှာနာရီပါပေမဲ့ လူကြီးဆန်ဆန် နာရီလေးကြည့်တော့ ပိုပြီး ကြည့်ကောင်းစေပါတယ်။နာရီရှိပေမဲ့လည်း ကိုယ့်သားသမီးက ချစ်ခင်လို့ဝယ်လာပေးမယ် ဆိုရင် ချက်ချင်းလဲပတ်မယ့်မိဘတွေပါ။

၃။အ၀တ်အစား ?

ဒါကအမေ့အတွက်၊ဒါကအဖေ့အတွက်ဆိုပြီး သီတင်းကျွှတ်ကန်တော့တာမျိုးမဟုတ်ပဲ ၀ယ်လာပေးပါ။ ကိုယ်ငယ်ငယ်တုန်းက ကိုယ့်အတွက်လိုက်ဖက်တဲ့အ၀တ်အစားတွေ ဆင်ပေးခဲ့တဲ့သူက အမေနဲ့အဖေပါ။အခု ကိုယ်ကပြန်ပြီးလိုက်ဖက်တဲ့အ၀တ်အစားတွေ ၀တ်ဆင်ပေးရမှာပါ။

၎။မိတ်ကပ်ပစ္စည်း ?

အမေက ကိုယ့်လိုမျိုးတော့ အလှအပပစ္စည်းမျိုးစုံသုံးမှာမဟုတ်ပါဘူး။ သူတို့အတွက်ဈေးသင့်တင့်ပြီး စိတ်ချရတဲ့မိတ်ကပ်ပစ္စည်းကောင်းကောင်းလေး တစ်စုံဝယ်ပေးထားပါ။သင့်ရဲ့ အမေကလည်း ငယ်ရွယ်စဉ်တုန်းက သိပ်လှတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ခဲ့မှာပါ။

၅။အမေနဲ့အဖေကိုခေါ်ပြီးလျှောက်လည်ပြီးပြီလား ?

လူကြီးတွေပါရင်မလွတ်လပ်ဘူးဆိုပြီး အမေနဲ့အဖေကိုအိမ်မှာပဲမထားပါနဲ့။အားလပ်ရက်မှာ မိဘတွေကိုခေါ်ပြီး လျှောက်လည်တာ၊ခရီးထွက်တာမျိုးလုပ်ပါ။မိဘတွေက အသက်ကြီးလာလေ ပိုပြီးအားငယ်လာလေပါ။သူတို့ကို အလေးထားပြီးဂရုစိုက်ပေးရင် ၀မ်းသာကြပါတယ်။

၆။သီးသန့်ဘဏ်ကတ်လုပ်ပေးထားပြီးပြီလား ?

ကလေးဘ၀တည်းက ကိုယ်စားချင်တာ၊ကိုယ်လိုချင်တာ အမေနဲ့အဖေကပဲ ၀ယ်ပေးခဲ့တာ မဟုတ်လား။အရွယ်ရောက်တော့လည်းအနောက်ကနေ ပံ့ပိုးကူညီပေးနေရတုန်းပါပဲ။ အဲ့ဒါကြောင့်သားသမီးတွေကလည်း မိဘတွေအတွက် သီးသန့်ဝင်ငွေအဖြစ် ဘဏ်ကတ်လေးဖြစ်ဖြစ်လုပ်ထားပေးသင့်ပါတယ်။အဲ့ဒါမှ အလှူလုပ်တဲ့အခါလည်း ထုတ်သုံးလို့ရသလို ဘုရားဖူးခရီးတွေကိုလည်း သက်တောင့်သက်သာနဲ့သွားလို့ရမှာပါ။ နေမကောင်းတဲ့အခါလည်း အချိန်မရွေးပြသလို့ရပါတယ်။

ဒီအချက်တွေထဲက ဘယ်အချက်ကိုသင်လုပ်ပြီးသွားပြီလဲ ?

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *