ဒီိတစ်ချက်ကိုကောင်းကောင်း အသုံးချတတ်ရုံနဲ့ လူတစ်ယောက်ယုံ ကြည်မှုကိုရနိုင်ပြီ !

Shares 590

လူတစ်ယောက်ယောက်နဲ့စကားပြောတဲ့အခါ ကိုယ့်စကားကို
သူတို့ယုံကြည်သွားတာမျိုးလိုချင်ကြပါတယ်။ ကိုယ်ပြောတဲ့ပုံစံ
နည်းလမ်းမကျရင် ကိုယ်ပြောသမျှအရာတိုင်းကို သူတို့ယုံကြည်ချင်မှ
ယုံလိမ့်မယ်။ ဒီအခြေအနေမျိုးမဖြစ်အောင် တစ်ချို့သုတေသီရဲ့
အချက်လက်တွေကိုဖော်ပြပေးလိုက်ပါတယ်။ အခြားလူတွေနဲ့
ဆက်ဆံတဲ့အခါ ယုံကြည်မှုရအောင်ယူနိုင်တဲ့ လျှို့ဝှက်နည်းလမ်းကောင်းတစ်ခုဖြစ်ပါတယ်။

အနှစ်သာရမရှိဘူးလို့ ထင်ရပေမယ့် လျှို့ဝှက်ချက်က သင့်မျက်လုံးပါပဲ။
လူတစ်ယောက်နဲ့စကားပြောတဲ့အခါ သူ့ရဲ့ပြုမူဆက်ဆံပုံကိုကြည့်ပြီး
ကိုယ့်မျက်လုံးအခြေအနေကို မထိန်းသိမ်းနိုင်ဖြစ်တတ်ကြပါတယ်။
ကိုယ့်မျက်လုံးအရိပ်ယောင်ကိုကြည့်ပြီး တစ်ဖက်သားက ယုံသင့်၊
မယုံသင့်ဆိုတာ စဉ်းစားဆုံးဖြတ်ရမယ့်အခြေအနေမျိုးဖြစ်နေလို့
သင့်မျက်လုံးဟာ အရေးကြီးပါတယ်။

တိကျပြတ်သားစွာ သူ့ရဲ့မျက်လုံး သူငယ်အိမ်ထိဖောက်ထွက်နိုင်အောင်
ကြည့်နိုင်ဖို့လိုပါတယ်။သင့်ရဲ့သူငယ်အိမ်ကို ချဲ့ထားနိုင်ရင်
သူသင့်ကိုလွယ်လွယ်ယုံကြည်နိုင်တယ်လို့
ပြောလို့ရပါတယ်။ ထို သုတေသနမတိုင်ခင်က
မျက်လုံးသူငယ်အိမ်ရဲ့ အကျုံ့အချဲ့ဟာ ထိန်းချုပ်လို့မရနိုင်ဘူးလို့
လူတိုင်းကထင်ကြတယ်။ တကယ်တော့ ကိုယ့်ရဲ့မျက်လုံး သူငယ်အိမ်
ကို ကိုယ်,ကိုယ်တိုင်ပဲ အကျုံ့ချဲ့လုပ်နိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

ဒီနည်းလမ်းကို ကျင့်ယူနိုင်မယ်ဆိုရင် သင်ဟာအလိုလျောက်
နားထောင်သူကောင်းတစ်ယောက်ဖြစ်နိုင်သလို စီးပွားရေးလုပ်ငန်း
လုပ်ဆောင်တဲ့အခါ ပါတနာတွေနဲ့ဆက်ဆံရေးချောမွေစေသည်အထိ
အထောက်ကူပေးနိုင်ပါတယ်။ တကယ်လို့ သင့်မျက်လုံးသူငယ်အိမ်
သေးနေမယ်ဆိုရင် တစ်ဖက်လူကလည်း သင့်ကိုယုံတစ်ဝက်၊ မယုံ
တစ်ဝက်ဖြစ်နေပါလိမ့်မယ်။

Shares 590
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *