“Jimmy Kimmel Live” Talk Show မှာပါဝင်တင်ဆက်မယ်လို့ အတည်ပြုပြောကြားခဲ့တဲ့ BTS

Shares 1

အမေရိကန်နိုင်ငံအနှံ့က Talk Show ကမ်းလှမ်းချက်များစွာရရှိထားတဲ့ BTS အဖွဲ့ကို ABC ကစီစဉ်တင်ဆက်တဲ့ “Jimmy Kimmel Live” Talk Show မှာ ပထမဆုံးမြင်တွေ့ရမယ်လို့သိရပါတယ်။

“BTSက ၂၀၁၇၊နိုဝင်ဘာ ၁၉ရက်မှာကျင်းပမယ့် အမေရိကန်မြူးဇစ်ဆုပေးပွဲကို တက်ရောက်မှာဖြစ်ပြီး သူတို့အမေရိကန်မှာရှိနေတုန်း Jimmy Kimmel Live မှာပါဝင်တင်ဆက်သွားမှာဖြစ်တယ်”လို့ သူတို့ရဲ့ အေဂျင်စီဖြစ်တဲ့ Big Hit အင်တာတိန်းမန့်က အတည်ပြုပြောကြားခဲ့ပါတယ်။အမေရိကန်မှာရှိတဲ့သူတို့ရဲ့ ပရိသတ်တွေကိုလည်း တွေ့ဆုံသွားမယ်လို့သိရပါတယ်။

တစ်ခြားကမ်းလှမ်းချက်တွေနဲ့ပတ်သက်ပြီးတော့ အတည်ပြုထားတာတွေတော့မရှိသေးပါဘူး။ အခုလောလောဆယ်မှာ သူတို့က Jimmy Kimmel ဦးဆောင်တင်ဆက်မယ့်အမေရိကန် Talk Show အစီအစဉ်မှာပါဝင်မယ်လို့ အတည်ပြုထားတာဖြစ်ပါတယ်။

 

 

Shares 1
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *