သေသပ်လှပတဲ့ နှုတ်ခမ်းသားဖူးဖူးလေးဖြစ်ချင်တဲ့ ပျိုမေတို့အတွက် နည်းလမ်းကောင်းများ

Shares 0

နှုတ်ခမ်းပုံစံက မျက်နှာတစ်ခုရဲ့အရေးပါဆုံးအစိတ်ပိုင်းတစ်ခုလည်း
ဖြစ်ပါတယ်။ သေသပ်လှပတဲ့ နှုတ်ခမ်းတစ်စုံရရှိဖို့အတွက် မိန်းကလေး
တွေဟာ နှုတ်ခမ်းနီပေါင်းများစွာကို ဝယ်ယူ၊ ဒါမှမဟုတ် beuty
blogger တွေရဲ့ဗီဒီယိုကိုကြည့်၊ ဒါမှမဟုတ် နောက်ဆုံးထွက်အလှကုန်
ပစ္စည်းမှန်သမျှ လိုက်စမ်းသပ်နေတာတွေရှိပါတယ်။ ပိုက်ဆံလည်းကုန်
ပြီး မသေချာတဲ့နည်းလမ်းထက် ငွေအကုန်ကျနည်းပြီး
ပျိုမေတို့ရဲ့နှုတ်ခမ်းတစ်စုံကို ဆွဲမက်မှုရှိစေမယ့်နည်းလမ်းလေးတွေကိုဖော်ပြပေးလိုက်ပါတယ်။

နှုတ်ခမ်းသားတွေ မခြောက်သွေ့အောင်

လိုအပ်ပစ္စည်းများ
– ထောပတ်ဆီ၊ သံလွင်ဆီ ဒါမှမဟုတ် မက်မွန်သီးအဆီ တစ်ဇွန်း
– သကြားတစ်ဇွန်း
– ပျားရည်တစ်ဇွန်း
– အုန်းဆီတစ်ဇွန်း ဒါမှမဟုတ် အဆီပျစ်တစ်မျိုး
ဇလုံငယ်တစ်ခုထဲ ဆီတွေအရင်ဆုံးရောလိုက်ပါ။ နောက်မှ သကြားကို
ထပ်ဖြည့်ထည့်ပြီး ပျားရည်လောင်းထည့်ပါ။ ထူပျစ်ပျစ်ရသည်အထိ
မွှေပါ။ ထိုအနှစ်ကို နှုတ်ခမ်းပေါ်မှာ သုတ်လိမ်းပြီး ၂ – ၃ မိနစ်လောက်
ထားထားပေးပါ။ ပြီးနောက် ရေနဲ့ဆေးချပြီး အပို scrub ကို အေးခဲသော
နေရာတွေ သိမ်းဆည်းထားပါ။ ရလဒ်ကောင်းအမြန်လိုချင်တယ်ဆိုရင် တစ်ပတ်အတွင်း နှစ်ကြိမ်လောက်ပေါင်းပေးပါ။

နှုတ်ခမ်းသား ပျော့ပျောင်းအောင်


scurb သို့မဟုတ် သွားတိုက်တံနဲ့ နှုတ်ခမ်းသားတွေကို ပွတ်တိုက်
ပေးနိုင်ပါတယ်။ ဒီနည်းလမ်းက သင်နှုတ်ခမ်းနီဆိုးတဲ့အခါ လွယ်ကူချောမွေ့စေပါတယ်။

နှုတ်ခမ်းသား ဖူးဖူလေးဖြစ်ချင်သူများအတွက်


ကွန်ဆီလာ ဒါမှမဟုတ် highlighter တစ်မျိုးမျိုးကိုအသုံးပြုပြီး နှုတ်ခမ်း
သားကိုဖူးဖူးလေးဖြစ်အောင် ပြုလုပ်ပေးနိုင်ပါတယ်။

အတွင်းနှုတ်ခမ်းသားလေးသာ နီရဲချင်သူများအတွက်


အရင်ဆုံး နှုတ်ခမ်းအပြင်ပိုင်းကို ပုံပါအတိုင်း concealer ဖုံးပေးပြီး
နှုတ်ခမ်းအတွင်းပိုင်းကို အနီရောင်လေးသွင်းပေးပါ။ အရောင်တင်တဲ့
အခါ လက်ငြိမ်စွာနဲ့ သေချာတင်ပေးဖို့လိုပါမယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *