ပရိသတ်တွေထင်ထားသလို G-Dragon နဲ့ Lee Jooyeon တို့ တွဲနေကြပြီလားဆိုတာ သံသယဖြစ်စေမယ့်ဓာတ်ပုံများ

Shares 0

မကြာသေးခင်က G-Dragon နဲ့ Lee Jooyeon တို့ဟာ တွဲနေကြတယ်လို့ ကောလဟာလထွက်ခဲ့ကြပါတယ်။အခုတစ်ခါ ပရိသတ်တွေဆီက သံသယဖြစ်မှုကိုထပ်ပြီး ခံနေရပြန်ပါတယ်။သူတို့နှစ်ယောက်ကို ချစ်သူတွေဖြစ်စေချင်ကြတဲ့ ပရိသတ်တွေက အရင်တုန်းကဓာတ်ပုံတွေကိုပြန်ရှာခဲ့ပြီး အွန်လိုင်းပေါ်ကိုချပြလိုက်ပြန်ပါတယ်။

သူတို့နှစ်ယောက်ရဲ့ အေဂျင်စီနှစ်ခုလုံးက G-Dragon နဲ့  Lee Jooyeonတို့က အချစ်ဆုံး သူငယ်ချင်းတွေဖြစ်ကြတယ်လို့ ငြင်းဆိုခဲ့ကြပေမဲ့ ပရိသတ်တွေကတော့ သူတို့ရဲ့ တူညီနေတဲ့ ဓာတ်ပုံတွေကြောင့် သူငယ်ချင်းတွေမဖြစ်နိုင်ဘူးလို့ ခန့်မှန်းပြောဆိုနေကြပါတယ်။

ဒါကတော့ မနှစ်ကအောက်တိုဘာတုန်းက နှစ်ယောက်လုံးဟာ Hawaii မှာ ရှိနေပြီး zip-line စီးခဲ့ကြတဲ့ပုံပါ။

သူတို့နှစ်ယောက် Hawaii မှာတည်းခဲ့ကြတဲ့ဟိုတယ်ကလည်းအတူတူပဲဖြစ်တယ်လို့ ဓာတ်ပုံတွေထဲမှာမြင်တွေ့ရပါတယ်။

သူတို့နှစ်ယောက်ရဲ့ ဓာတ်ပုံတော်တော်များများဟာ တစ်နေရာတည်းမှာအတူတူရှိနေခဲ့ကြတာကိုပြသနေပါတယ်။

၂၀၁၆၊နိုဝင်ဘာတုန်းက G-Dragon တင်ခဲ့တဲ့ဓာတ်ပုံဟာ အဲ့ဒီနေ့မှာ Lee Jooyeon တင်ခဲ့တဲ့ဓာတ်ပုံနဲ့နေရာ တူညီနေတာကိုမြင်တွေ့ရပါတယ်။

ဂျယ်ဂျူမှာလည်း အတူတူရှိခဲ့ကြတယ်လို့ ဒီဓာတ်ပုံတွေက ပြနေသလိုပါပဲ။

သူတို့နှစ်ယောက်ကိုချစ်သူတွေဖြစ်စေချင်ကြတဲ့ပရိသတ်တွေကတော့ သူတို့နှစ်ယောက်ဟာ သူငယ်ချင်းတွေလား တိတ်တိတ်လေးတွဲနေကြတာလားဆိုတာကိုသိအောင် တစ်မျိုးပြီးတစ်မျိုးကြိုးစားဖော်ထုတ်နေကြတယ်လို့သိရပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *