သင့်ရဲ့သူငယ်ချင်းက သင့်အပေါ်သူငယ်ချင်းသံယောဇဉ်ထက်ပိုနေပြီဆိုတာ သိနိုင်မယ့်အချက်များ

Shares 0

သူငယ်ချင်းကနေချစ်သူတွေအဖြစ်ပြောင်းလဲသွားကြတဲ့စုံတွဲတွေအများကြီးရှိပါတယ်။ အများအားဖြင့်တော့သူတို့ရဲ့ အချစ်ရေးကသူငယ်ချင်းသံယောဇဉ်ပါ ပါတဲ့အတွက်ပိုပြီး အဆင်ပြေချောမွေ့ကြပါတယ်။သင့်ရဲ့ သူငယ်ချင်းတွေထဲမှာလည်းသင့်အပေါ် သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်တွေရှိနေပြီဆိုရင်ဒီအချက်တွေကိုကြည့်ပြီးသိနိုင်ပါတယ်။

၁။ညတိုင်းစကားလာပြောတယ်

အခုခေတ်မှာဖေ့ဘွတ်ခ်ကနေတစ်ဆင့်စာပို့တာက အမြန်ဆုံးဖြစ်လို့ဒီနည်းလမ်းကိုပဲ သုံးကြပါတယ်။သင့်ရဲ့သူငယ်ချင်းက သင့်ကိုညတိုင်းစကားလာပြောနေတယ်ဆိုရင် ဒါကသင်နဲ့စကားတွေနေ့တိုင်းပြောချင်တယ်။တခြားသူတွေထက်သင့်ကိုပိုပြီး အလေးထားတယ်ဆိုတာပြနေပါတယ်။

၂။သင့်ကိုပဲဦးစားပေးတယ်

အပြင်သွားမယ်ဆိုရင်တောင်သင့်ရဲ့စိတ်ဆန္ဒကိုပိုပြီးဦးစားပေးတယ်။တခြားသူတွေပြောတာကိုနားမထောင်ပဲသင်သွားချင်တဲ့နေရာကိုသူလည်းသွားဖို့ထောက်ခံတယ်ဆိုရင် သူကသင့်အပေါ်အခြားသူငယ်ချင်းတွေထက်ပိုနေပြီဆိုတာသိသာနေပါတယ်။

၃။နှစ်ယောက်တည်းလျှောက်လည်ချင်တယ်

သင်က တခြားသူတွေကိုပါခေါ်ဖို့ပြောရင်တောင်သူက သင်နဲ့နှစ်ယောက်တည်းသွားချင်တယ် လို့ပြောလာရင်တွေးစရာရှိလာပါပြီ။သင်ကသူ့အပေါ်သူငယ်ချင်းသံယောဇဉ်ထက်မပိုနိုင်ဘူးဆိုတာသေချာရင်တော့ အပြတ်ငြင်းပါ။မငြင်းပဲ သွားရင် မျှော်လင့်ချက်ပေးထားသလိုဖြစ်နေ ပါလိမ့်မယ်။

၎။သင့်ရဲ့ ပိုစ့်တိုင်းမှာ ၀င်ပြီး လိုက်ခ်လုပ်မယ်။ကွန်းမန့်ရေးမယ်

ဒါကတော့မထူးဆန်းပါဘူး။ကိုယ်ကတော့သတိမထားမိပေမဲ့ သူကတော့ သင်တင်သမျှပို့စ်တိုင်းကိုလိုက်ခ်ပေးပြီးကွန်းမန့်တွေအမြဲပေးနေမယ်ဆိုရင် ဒါကသူ သင့်အကြောင်းကိုစိတ်ဝင်စားတယ်ဆိုတဲ့သဘောပါပဲ။

၅။ဟာသတွေပြောမယ်

သူကသင့်ကိုစိတ်ဝင်စားနေတဲ့အတွက်သင်ပျော်နေတာကိုပဲမြင်ချင်ပါတယ်။အဲ့ဒါကြောင့်သင်ကြိုက်မယ့်ဟာသတွေ၊ပုံပြင်တွေနဲ့သင့်ကိုသူ့ဘက်ပါလာအောင်ဆွဲဆောင်ပါလိမ့်မယ်။ တခြားမိန်းကလေးတွေကိုအဲ့လိုမပြောပဲသင်တစ်ယောက်တည်းကိုပဲရွေးပြီးပြောတယ်ဆိုရင် သူကသေချာပေါက်သင့်ကိုသဘောကျနေတာပါ။

၆။သူ့အကြောင်းတွေပြောပြမယ်

တခြားသူတွေထက်သင့်ကိုပိုပြီးအလေးထားတာကြောင့်တခြားသူတွေကိုမပြောပြဘူးတဲ့ သူ့ရဲ့အကြောင်းတွေပြောပြပါလိမ့်မယ်။ဒါကတော့သင်နဲ့ပိုပြီးရင်းနှီးတဲ့ဆက်ဆံရေးမျိုးရလာစေဖို အတွက်ပါပဲ။

ဒီအချက်တွေအားလုံးတူနေရင်တော့သူကသင့်အပေါ်သူငယ်ချင်းထက်ပိုတဲ့သံယောဇဉ်ရှိနေတာသေချာပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *