သင်နေ့တိုင်းသတိမထားမိပဲ မှားယွင်းစွာလုပ်မိနေတဲ့ အပြုအမူများ

Shares 0

နေ့တိုင်းပုံမှန်လုပ်နေကြတာဖြစ်လို့ မှားယွင်းနေတာကိုလည်းသတိမထားမိကြပါဘူး။ ဘာတွေကိုမှားယွင်းလုပ်မိနေလဲကြည့်ရအောင်။

၁။ကားလက်ကိုင်ကိုဒီလိုမျိုးကိုင်ရင် ကားအက်ဆီးဒင့်ဖြစ်တဲ့အခါ ဒဏ်ရာမရရှိစေဖို့ ကာကွယ်ပေးပါတယ်။သတိထားပြီးကိုင်တဲ့ပုံစံမျိုးဖြစ်လို့ သင့်ရဲ့ ခေါင်းနဲ့ခန္ဓာကိုယ်ကို အရှိန်မလွန်အောင်ကာကွယ်ပေးပါတယ်။

၂။အမြဲတမ်းအိမ်သာအဖုံးဖွင့်ထားရက်သားရေလောင်းမိနေရင် နောက်နေ့မှာ အဖုံးပိတ်ပြီးရေလောင်းချပါ။အဖုံးဖွင့်ပြီးရေလောင်းတဲ့အခါ ပိုးမွှားတွေကပျံ့နှံ့သွားပါတယ်။ လေထဲကနေတစ်ဆင့်လည်းပိုးမွှားတွေကကူးစက်တတ်တာကြောင့်သတိထားရပါမယ်။

၃။Roll On တွေကိုညဘက်မှာဆွတ်တာကအကောင်းဆုံးပါ။ မနက်ပိုင်းမှာ ပိုပြီးချွေးထွက်များတာကြောင့် ဆွတ်ထားလည်းပိုးမွှားတွေကိုခဏပဲ အနားပေးစေမှာပါ။ညဘက်မအိပ်ခင်ဆွတ်ထားပေးမှ ချွေးပေါက်တွေကျဉ်းပြီး အလွယ်တကူချိုင်းချွေးနံ့မနံစေသလို အနံ့အသက်ဆိုးများဖြစ်တာကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။

၎။မှောက်ရက်အိပ်တာက ခန္ဓာကိုယ်အစိတ်အပိုင်းတွေကိုပိုပြီးနာကျင်စေတယ်လို့ လေ့လာတွေ့ရှိရပါတယ်။အိပ်တဲ့အခါမှာ ပက်လက်လှန်ပြီအိပ်မှကျောရိုးနဲ့လည်ပင်းကို ကျန်းမာစေမှာပါ။

၅။Blender ဆေးတဲ့အခါ ဖော့တုံးနဲ့ညစ်ပတ်နေတာတွေလိုက်သုတ်နေရင် အချိန်ကြာပါတယ်။ ဆပ်ပြာရည်နည်းနည်းထည့်ပြီး မွှေလိုက်ပါ။စက္ကန့်အနည်းငယ်လောက်ကြာရင် သန့်ရှင်းသွားတာကိုမြင်တွေ့ရမှာပါ။ပြီးတော့မှရေနဲ့သန့်စင်အောင်ဆေးကြောလိုက်ရုံပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *