အ၀လွန်နေတာကိုလျှော့ချဖို့ဆုံးဖြတ်ခဲ့တဲ့ ကိုရီးယားမိန်းကလေးရဲ့ ပြောင်းလဲသွားတဲ့အသွင်အပြင်

Shares 19

စိတ်ဆန္ဒသာရှိရင်မဖြစ်နိုင်ဘူးဆိုတာမရှိပါဘူး။ဝတဲ့အမျိုးသမီးတွေက ကိုယ့်ကိုယ်ကို စိတ်ဓာတ်ကျအားငယ်နေတတ်ပြီး ပြန်ပြီးဝိတ်ချဖို့လည်းမဖြစ်နိုင်ဘူးလို့ ထင်ကြပါတယ်။ ကိုရီးယားကမိန်းကလေးတစ်ယောက်ကတော့သူမရဲ့  အ၀လွန်နေတဲ့ခန္ဓာကိုယ်က ကျန်းမာရေးကိုလည်းထိခိုက်နိုင်တယ်ဆိုပြီး ၀ိတ်ချဖို့ဆုံးဖြတ်ခဲ့တာပါ။

သူမရဲ့ အရပ်က ၁၅၈စင်တီမီတာရှိပြီး ၈၄ ကီလိုဂရမ်တောင်ရှိပါတယ်။ဒါက သူမအတွက်အရမ်းကိုများတဲ့ကိုယ်အလေးချိန်ဖြစ်နေပါပြီ။သူမက၀ိတ်ချဖို့ဆုံးဖြတ်ပြီး နောက်တစ်နေ့မှာလေ့ကျင့်ခန်းလုပ်ပြီး သူမနေ့တိုင်းစားနေတဲ့ သရေစာတွေ၊အဆီများတဲ့အစားအစာတွေကိုလျှော့ပါတယ်။

ကျန်းမာရေးနဲ့လည်းညီညွတ်ပြီးအာဟာရပြည့်ဝတဲ့အစားအသောက်တွေစားပြီးလျှော့ခဲ့တာပါ။ ၆လပြည့်တဲပနောက်မှာ သူမက ၃၀ကီလိုဂရမ်တောင်လျှော့ချနိုင်ခဲ့ပါတယ်။သူမက ကိုယ်အလေးချိန်လျှော့ချနိုင်ပြီဖြစ်လို့ ချစ်စရာကောင်းတဲ့မိန်းကလေးတစ်ယောက်ဖြစ်နေတဲ့အပြင် ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိပြီးပျော်ရွှင်နေပါပြီ။

အခုဆိုရင် ကျန်းမာရေးနဲ့သင့်တော်တဲ့အစားအစာတွေကိုပဲ စားတယ်လို့သိရပါတယ်။ သူမရဲ့ပြောင်းလဲသွားတဲ့အပြင်အဆင်ကိုကြည့်ပြီး ကိုယ်တိုင်ကြိုးစားကြည့်ဖို့တိုက်တွန်းချင်ပါတယ်။ ဖြည်းဖြည်းချင်းအချိန်ယူပြီးပြောင်းလဲသွားပေးရမှာပါ။

 

Shares 19
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *