The Ellen DeGeneres Show မှာပါဝင်ဖို့ ကမ်းလှမ်းချက်ရရှိထားတဲ့ BTS အဖွဲ့

Shares 0

BTS အဖွဲ့ဟာ ကမ္ဘာပေါ်မှာလူသိအများဆုံး Talk Show အစီအစဉ်တစ်ခုဖြစ်တဲ့ The Ellen DeGeneres Show မှာ ပါဝင်ဖို့ ကမ်းလှမ်းချက်ရရှိခဲ့တယ်လို့သိရပါတယ်။

နာမည်ကျော် အစီအစဉ်တင်ဆက်သူတစ်ယောက်ဖြစ်တဲ့ Ellen DeGeneres ဟာ ၂၀၀၃ခုနှစ်တည်းက နာမည်ကျော်ဧည့်သည်တွေကိုခေါ်ပြီး ပရိသတ်တွေအတွက် တင်ဆက်ပေးခဲ့တာပါ။ဒါပေမဲ့ အခု BTS ဟာ ပထမဆုံးဖိတ်ခေါ်ခံရတဲ့ ကေပေါ့ပ်အဖွဲ့တစ်ခုပဲဖြစ်ပါတယ်။

The Ellen DeGeneres Show ရဲ့ ပရိုဂျူဆာတစ်ယောက်ဖြစ်တဲ့ Andy Lassner ကလည်းမကြာသေးခင်က BTS အဖွဲ့ကိုရှိုးပွဲကိုဖိတ်ခေါ်မယ့်အကြောင်းကိုသူ့ရဲ့ တွစ်စ်တာမှာရေးသားခဲ့ပါတယ်။

BTS ရဲ့ Big Hit Entertainment ကလည်း “Ellen ရဲ့ ရှိုးမှာပါဝင်ဖို့ ကမ်းလှမ်းချက်ရရှိခဲ့ပါတယ်။အဲ့ဒါအပြင် ကမ္ဘာတစ်ဝှမ်းလုံးက ရှိုးတော်တော်များများမှာ ပါဝင်ဖို့ကမ်းလှမ်းချက်တွေရရှိခဲ့ပါတယ်။အခုထိတော့ BTS က ဘယ်ရှိုးမှာပါဝင်မလဲဆိုတာ အတည်မပြုရသေးပါဘူး”လို့ ပြောခဲ့ပါတယ်။

BTS ရဲ့ ပရိသတ်တွေကတော့ ကမ္ဘာပေါ်မှာအကြီးမားဆုံး Talk Show အစီအစဉ်မှာမြင်တွေ့ရဖို့ စောင့်စားနေကြပါတယ်။

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *