ခြေထောက်မသန်စွမ်းလို့ဝှီးချဲလ်ပေါ်အမြဲထိုင်နေရပေမဲ့ အချစ်စစ်ကိုပိုင်ဆိုင်ခဲ့တဲ့ ရုရှားအမျိုးသား

Shares 597

ရုရှားနိုင်ငံမှာနေထိုင်တဲ့ Grigory Prutov ဆိုတဲ့အမျိုးသားဟာ မွေးစတည်းက ခန္ဓာကိုယ်ကြွက်သားမသန်စွမ်းတဲ့ muscular atrophy ဆိုတဲ့ရောဂါကိုခံစားခဲ့ရပါတယ်။ ဆရာဝန်တွေက သူဟာ ၅နှစ်ထိပဲအသက်ရှင်မယ်လို့ပြောခဲ့ပေမဲ့သူ့ရဲ့ မိဘတွေကတတ်နိုင်သလောက် ကယ်တင်ပေးခဲ့ပါတယ်။၂၄နာရီလုံးဂရုတစိုက်နဲ့ထားခဲ့ပေမဲ့ သူ့ရောဂါကိုကုသနိုင်ဖို့ဆေးမရှိခဲ့ပါဘူး။

ကံကောင်းစွာနဲ့အသက်မသေခဲ့ပဲ အရွယ်ရောက်လာပေမဲ့သူ့ရဲ့ မသန်စွမ်းတဲ့ခန္ဓာကိုယ်ကြောင့် အိမ်မှာပဲ အင်တာနက်သုံးပြီးနေခဲ့ပါတယ်။သူ အပြင်ထွက်တဲ့အခါ လူတွေက၀ိုင်းပြီးစူးစမ်းကြလို့ စိတ်ဖိအားများပြီးအိမ်ထဲမှာပဲနေခဲ့တာဖြစ်ပါတယ်။

တစ်ရက်မှာတော့သူက သူ့ဘ၀ရဲ့အကြောင်း၊သူ့ရဲ့ ဝမ်းနည်းစရာအတွေးတွေကို အွန်လိုင်းမှာတင်ခဲ့ပါတယ်။အဲ့ဒီပို့စ်ကိုမြင်သွားခဲ့တဲ့ Anna ဆိုတဲ့အမျိုးသမီးလေးက သူရှိတဲ့ရုရှားကို မိုင်ပေါင်းကီလိုမီတာ ၃၀၀၀ကျော်ဖြတ်ပြီး လာခဲ့ပါတယ်။အမျိုးသမီးလေးက Kazakhstan မှာနေထိုင်တာပါ။သူတို့နှစ်ယောက်ဟာ အွန်လိုင်းမှာစတွေ့ခဲ့တာဖြစ်ပေမဲ့ တစ်ယောက်နဲ့တစ်ယောက်အချစ်စစ်နဲ့ချစ်တာကြောင့်လက်ထပ်ဖို့ဆုံးဖြတ်ခဲ့ပါတယ်။

လူတွေအများကြီးက Anna လိုလှပပြီးကျန်းမာသန်စွမ်းတဲ့အမျိုးသမီးလေးက ဘာလို့သူ့လိုလူမျိုးကိုရွေးချယ်တာလဲဆိုပြီးအံ့သြနေကြပါတယ်။သူတို့စုံတွဲကတော့တခြားသူတွေရဲ့ ဝေဖန်ပြစ်တင်တာတွေကိုနားမထောင်ပဲ ပျော်ရွှင်စွာနဲ့ပေါင်းဖက်ခဲ့ကြပါတယ်။

 

 

Shares 597
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *