ကိုယ်တိုင်ရေမကူးတတ်ရင်တောင် ရေနစ်နေတဲ့လူတစ်ယောက်ကိုကယ်ဆယ်နိုင်မယ့်နည်းလမ်းများ

Shares 0

သင်ကလည်းရေမကူးတတ်ဘူး။သင့်ရဲ့ ရှေ့မှာလည်းလူတစ်ယောက်ရေနစ်နေတာမြင်ရင် ဘာမှမစဉ်းစားပဲ ရေထဲကိုဆင်းမသွားပါနဲ့။သင်ပါရေနစ်သွားနိုင်ပါတယ်။လူဆိုတာ အန္တရာယ်ကြုံရရင် စိတ်လှုပ်ရှားတတ်ပါတယ်။ အဲ့ဒါကြောင့်အရင်ဆုံးစိတ်ကိုအေးအေးထားပါ။ အနားမှာဘယ်သူမှကူညီနိုင်မယ့်သူမရှိဘူးဆိုရင် ပထမဆုံးနည်းလမ်းကိုသုံးပါ။

ခေါင်းအေးအေးထားပြီး ပိုက်လုံးအရှည်ဖြစ်စေ၊ကြိုးအရှည်ဖြစ်စေရှာပါ။ ခိုင်ခံ့ပြီးလူတစ်ယောက်ဆွဲအားကိုခံနိုင်လောက်တဲ့ကြိုးကိုရှာပါ။ပြီးရင် သစ်ပင်ကြီးကြီးတစ်ခုမှာသေချာချည်ပါ။သင့်ကိုယ်သင်လည်းကြိုးနဲ့ပတ်ပြီးမှ ရေထဲကိုဆင်းပြီးကယ်ပါ။အဲ့ဒါဆိုရင် ရေနစ်နေတဲ့လူကိုဆွဲခေါ်နိုင်ပါလိမ့်မယ်။ အနီးနားမှာဖော့လို၊ဘောကွင်းလိုပေါ့တဲ့ရေပေါ်ပေါ်နိုင်တဲ့ပစ္စည်းတွေရှိရင်ပိုပြီးကောင်းပါတယ်။အဲ့ဒီပစ္စည်းတွေရှိရင် ကြိုးနဲ့ချည်ပြီး ရေနစ်နေတဲ့လူဆီပစ်ပေးပြီးဆွဲရုံပါပဲ။

နောက်ထပ်တစ်နည်းကတော့ ရေနစ်နေတာမြင်ရင် အနားကလူတွေကိုအော်ခေါ်ပါ။ လူများများရှိလေပိုကောင်းလေပါပဲ။မကြောက်တတ်တဲ့လူတစ်ယောက်ကိုရေထဲဆင်းခိုင်းပြီးတဖြည်းဖြည်းချင်းလက်ဆင့်ကမ်းပြီးလက်တွဲထားပါ။ရေထဲဆင်းမယ့်သူကလည်းမကြောက်တတ်ဖို့တော့လိုပါတယ်။အန္တရာယ်လည်းများတာကြောင့်သေချာဂရုတစိုက်လုပ်ပေးရပါမယ်။အချိန်မလင့်ဖို့တော့လိုပါတယ်။မြန်မြန်လုပ်မှဒီနည်းလမ်းကအသုံးဝင်မှာပါ။ရေလုံးဝနစ်မြှုပ်သွားပြီဆိုရင်ချက်ချင်းရှာတွေ့ဖို့မလွယ်ပါဘူး။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *