G Dragon နဲ့ ကိုရီးယားမင်းသမီးချော Lee Joo Yeon တို့ ချစ်သူတွေဖြစ်နေတယ်ဆိုတဲ့ကောလဟာလထွက်ပေါ်

Shares 0

အောက်တိုဘာ ၃၀ရက်နေ့က အွန်လိုင်းပေါ်မှာပျံ့နှံ့ခဲ့တဲ့ဗီဒီယိုတစ်ခုကြောင့် G Dragon နဲ့ ကိုရီးယားမင်းသမီးချော Lee Joo Yeon တို့က ချစ်သူတွေဖြစ်နေကြတယ်ဆိုတဲ့ ကောလဟာလတွေပျံ့နှံ့ခဲ့ပါတယ်။

သူတို့နှစ်ယောက်ဟာ Kwai လို့ခေါ်တဲ့ app တစ်ခုကို အတူတူသုံးရင်း ဗီဒီယိုကိုLee Joo Yeon ရဲ့ အကောင့်မှာတင်ခဲ့တာပဲဖြစ်ပါတယ်။အဲ့ဒီ app က ဗီဒီယိုအတိုလေးရိုက်လို့ရတဲ့အတွက် သူတို့နှစ်ယောက်က Oh My Baby အစီအစဉ်က ပုံစံအတိုင်းလိုက်ပြီးလုပ်ခဲ့တာပါ။ အဲ့ဒီဗီဒီယိုကြောင့်သူတို့နှစ်ယောက်ကတွဲနေကြတယ်ဆိုတဲ့သတင်းတွေပျံ့နှံ့ခဲ့တာပါ။ ဗီဒီယိုကိုဖျက်ခဲ့ပေမဲ့ ကောလဟာလကထွက်နေတုန်းပါပဲ။

ဒါပေမဲ့ မင်းသမီး Lee Joo Yeonရဲ့ အေဂျင်စီက “သူတို့နှစ်ယောက်က သူငယ်ချင်းတွေပါပဲ။ ချစ်သူတွေမဟုတ်ပါဘူး”လို့ငြင်းဆိုခဲ့ပါတယ်။မကြာသေးခင်ကလည်း Nam Tae Hyun ၊Son Dam Bi တို့က အဲ့ဒီappကိုသုံးပြီးဗီဒီယိုတင်ခဲ့တာကြောင့်သူတို့နှစ်ယောက်ဟာလည်း ကြိုက်နေကြတယ်လို့ကောလဟာလထွက်ခဲ့ဖူးပါတယ်။ Kwai app က တောင်ကိုရီးယားနိုင်ငံမှာ နာမည်ကြီးနေတဲ့ app တစ်ခုဖြစ်ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *