Valentine’s Day ရောက်တဲ့အထိသင်က Single ဖြစ်နေမယ်ဆိုရင် လုပ်ဆောင်ရမယ့်အချက် ၅ချက်

Shares 0

Valentine’s Day ရောက်တဲ့အထိ သင်က Single ဖြစ်နေမယ်ဆိုရင်တောင် စိတ်ညစ်စရာမလိုပါဘူး။အဲ့ဒီနေ့ကို အထီးကျန်မဆန်ပဲပျော်ပျော်ရွှင်ရွှင်ဖြတ်သန်းလို့ရနိုင်မယ့် နည်းလမ်းလေးတွေပြောပြပေးချင်ပါတယ်။ဘာတွေလဲဆိုတော့

၁။Single လေးတွေစုပြီးလျှောက်သွားပါ

Singleဖြစ်နေတဲ့သူငယ်ချင်း နှစ်ယောက်လောက်ရှိရင်ကို သုံးယောက်ပေါင်းလောင်းကျော် လို့ရပါပြီ။ အတွဲတွေကလည်းလျှောက်လည်ကြသလို Single လေးတွေကလည်း အိမ်တွင်းပုန်း လုပ်နေစရာမလိုပါဘူး။ကိုယ်မရောက်ဖူးသေးတဲ့ရှော့ပင်းစင်တာတွေ၊ပန်းခြံတွေကိုသွားပြီး ဓာတ်ပုံလှလှလေးတွေရိုက်ပေါ့။သွားရင်းလာရင်း Single ကောင်လေးချောချောလေးတွေနဲ့တောင် ဆုံနိုင်ပါတယ်။

၂။ရုပ်ရှင်ကြည့်ပါ

အပြင်မသွားချင်ဘူး။မျက်စိရှုပ်နားရှုပ်တယ်ဆိုရင် အခွေတွေကြိုဝယ်ထားပြီးတစ်နေကုန် ရုပ်ရှင်ထိုင်ကြည့်လို့ရပါတယ်။မုန့်လေးစားလိုက်၊ရုပ်ရှင်လေးကြည့်လိုက်နဲ့ စိတ်အပန်းဖြေလို့ရပါတယ်။

၃။မိသားစုကိုအချိန်ပေးပါ

အလုပ်လုပ်နေတဲ့အချိန်မှာဆိုရင် အိမ်မှာရှိတဲ့မိသားစုနဲ့မျက်နှာချင်းဆိုင်ထိုင်ပြီး စကားပြောဖို့ဆိုတာမလွယ်ပါဘူး။အခုအားလပ်ရက်ရတုန်းမှာ မိသားစုနဲ့အတူ စကားတွေပြောတာ၊ခရီးတိုလေးတွေထွက်တာမျိုးလုပ်ပါ။

၎။အလုပ်တွေပြီးအောင်လုပ်ပါ

Valentine’s Day က အလုပ်ဖွင့်ရက်ဆိုရင်တော့ သင်လုပ်ရမယ့်အလုပ်တွေကို အိမ်ထိသယ်မသွားပဲ ရုံးမှာအပြီးလုပ်ပါ။အိမ်ကိုပြန်ရောက်ရင်တော့ ရေနွေးနွေးလေးနဲ့ရေစပ်ချိုးပြီး အပန်းဖြေပါ။ပြီးရင်တော့ စာအုပ်ဖတ်တာ၊ ရုပ်ရှင်ကြည့်တာ တစ်ခုခုလုပ်လို့ရပါတယ်။ အလုပ်လုပ်နေရတော့စိတ်ထဲမှာလည်းအထီးကျန်သလိုမခံစားရပါဘူး။

၅။ခရီးတိုလေးတွေထွက်ပါ

သူများတွေချစ်သူစုံတွဲတွေနဲ့လျှောက်လည်နေတဲ့အချိန်မှာ ဝေးရာကိုထွက်ပြေးချင်တယ်ဆိုရင် တောင်တက်ခရီးစဉ်ကိုရွေးချယ်မယ်ဆိုရင်ပိုပြီးကောင်းပါတယ်။တောင်တက်ခရီးစဉ်တွေကကြိုပြီးစာရင်းပေးရတာဖြစ်တာကြောင့်ကြိုတင်စီစဉ်ထားဖို့လိုပါတယ်။သူများတွေနဲ့အတူ ကြိုးစားတက်ပြီးတောင်ထိပ်ပေါ်ရောက်တဲ့အခါ လွတ်လပ်ပေါ့ပါးသွားတဲ့ခံစားချက်မျိုး ရလာပါလိမ့်မယ်။ ကမ်းခြေမှာ Snorkeling လုပ်တာကလည်း သင့်ရဲ့ စိတ်ကို မတူညီတဲ့လွတ်လပ်မှုမျိုးပေးနိုင်ပါလိမ့်မယ်။

 

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *