အလှအပအတွက် သင်မသိသေးတဲ့ ကြက်ဆူဆီရဲ့ အသုံးဝင်ပုံများ

Shares 0

ကြက်ဆူဆီဟာ လူတော်တော်များများက သတိမထားမိကြတဲ့ အရမ်းအသုံးဝင်တဲ့ ဆီတစ်မျိုးပါ။အလှအပအတွက်ဆိုရင်ကြက်ဆူဆီက မြန်မြန်နဲ့ထိရောက်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ ကြက်ဆူဆီကိုဘယ်နေရာတွေမှာသုံးလို့ရလဲဆိုတော့

၁။ဆံပင်အတွက်…

ဆံပင်ပါးတာ၊ဆံပင်ခဏခဏကျွတ်တာတွေအတွက် ကြက်ဆူဆီက အရမ်းအသုံးဝင် ပါတယ်။ကြက်ဆူဆီအနည်းငယ်ကိုခေါင်းမှာလိမ်းပြီးမိနစ် ၂၀လောက်ထားပါ။ ပြီးရင်ခေါင်းလျှော်ပေးပါ။နှစ်ပတ်ကိုတစ်ခါလောက် ကြက်ဆူဆီလိမ်းပြီးခေါင်းလျှော်ပေးမယ်ဆိုရင် ဆံပင်တွေကိုသိသိသာသာထူလာစေပြီးရှည်လာတာကိုမြင်တွေ့ရမှာပါ။ကြက်ဆူဆီက ဗောက်လည်းသေစေသလို ဆံပင်လည်းအရှည်မြန်စေပါတယ်။

၂။အသားအရည်အတွက်…

ကြက်ဆူဆီက နေလောင်ဒဏ်ကြောင့်နီရဲတာတွေအတွက် အကူအညီပေးနိုင်ပါတယ်ြ ကြက်ဆူဆီကို ဂွမ်းလုံးနဲ့နည်းနည်းချင်းဆွတ်ပြီးနေလောင်ထားတဲ့ နေရာတွေကိုလိမ်းပေးပါ။ တစ်နာရီလောက်ထားပြီးရင်ရေဆေးချပါ။သက်သာသွားပါလိမ့်မယ်။

၃။ဝက်ခြံမကြာခဏထွက်တတ်တဲ့သူအတွက်…

ကြက်ဆူဆီက ၀က်ခြံဖြစ်ပွားမှုကိုလျှော့ချပေးတယ်။မကြာခဏ၀က်ခြံထွက်တတ်တဲ့သူ ဆိုရင်ဒီနည်းလမ်းလေးကိုစမ်းသုံးကြည့်သင့်ပါတယ်။ညမအိပ်ခင် ပထမဆုံးရေနွေးနွေးလေး နဲ့သစ်ပေးပါ။ မျက်နှာပေါ်ကချွေးပေါက်တွေကိုပွင့်စေပါတယ်။ကြက်ဆူဆီ အနည်းငယ်ကို မျက်နှာမှာလိမ်းပေးပြီးစက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။တစ်ညလုံးထားပြီး မနက်ရောက်တဲ့ အခါရေအေးအေးလေးနဲ့သစ်ပေးပါ။တစ်ပတ်ကိုတစ်ခါလောက်ပုံမှန်လုပ်ပေးရင် ၀က်ခြံထွက်တာသက်သာသွားပါလိမ့်မယ်။

၎။အသားအရည်ခြောက်သွေ့သူတွေအတွက်…

ကြက်ဆူဆီကအသားအရည်ကိုစိုပြည်ချောမွတ်စေပါတယ်။မျက်နှာသေချာသစ်ပြီးရင် ကြက်ဆူဆီအနည်းငယ်ကို မျက်နှာပေါ်မှာအသာအယာလိမ်းပြီးစက်ဝိုင်းပုံစံနှိပ်နယ်ပေးပါ။ ကြက်ဆူဆီမှာပါဝင်တဲ့ဓာတ်တွေက အသားထဲကိုအလွယ်တကူစိမ့်ဝင်သွားပြီးခြောက်သွေ့ မသွားအောင်ကူညီပေးနိုင်ပါတယ်။

၅။မျက်တောင်၊မျက်ခုံးမွှေးထူချင်သူအတွက်…

ကြက်ဆူဆီက ဆံပင်အတွက်လည်းအရမ်းကောင်းသလို မျက်တောင်မွှေးထူချင်တဲ့သူ၊ ရှည်ချင်တဲ့သူ၊မျက်ခုံးမွှေးထူချင်တဲ့သူတွေအတွက်မြန်မြန်ဆန်ဆန်နဲ့ထိရောက်တဲ့ဆီပါ။ညအိပ်ရာမ၀င်ခင်မျက်တောင်ကော့တံလေးနဲ့ ကြက်ဆူဆီထဲမှာနှစ်ပြီးမျက်တောင်တွေကိုကော့ပေးပါ။ မျက်လုံးထဲမ၀င်ပါစေနဲ့။မျက်ခုံးမွှေးကိုလည်းအနည်းငယ်လိမ်းပေးပါ။ညတိုင်းပုံမှန်လုပ်သွားရင်တစ်လအတွင်းထူးခြားလာတာကိုမြင်ရပါလိမ့်မယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *