ချိုင်းမည်းတာကို တစ်ပတ်အတွင်းဖြူသွားစေမယ့်နည်းလမ်းကောင်း ၅မျိုး

Shares 0

လက်ပြတ်ဝတ်တဲ့အခါ ချိုင်းကမည်းနေရင် ကြည့်လို့မလှဘူးနော်။ အခုပြောပြမယ့် နည်းလမ်းလေးတွေက ရိုးရှင်းပြီးထိရောက်တဲ့နည်းလမ်းလေးတွေဖြစ်လို့ ကြိုက်နှစ်သက်ရာ နည်းလမ်းကို စွဲစွဲမြဲမြဲလုပ်ပေးဖို့လိုပါတယ်။

၁။သခွားသီး

သခွားသီးကအသားအရည်ကိုသဘာဝအတိုင်းချောမွတ်စေတဲ့အပြင်အသားအရည်အတွင်း ပိုင်းထိပြုပြင်ပေးပါတယ်။သခွားသီးပါးပါးလေးတွေလှီးပြီး ချိုင်းမှာ တစ်နေ့ကို ၂ကြိမ်ကပ်ထားပေးပါ။တစ်ခါကပ်ရင် ၁၀မိနစ်လောက်ထားပါ။တစ်ပတ်လောက် ပုံမှန်လုပ်သွားရင်ဖြူလာတာကိုမြင်ရမှာပါ။အသားအရည်ပါးတဲ့သူတွေအတွက်လည်း သခွားသီးကထိရောက်တဲ့နည်းလမ်းတစ်ခုပါ။

၂။မုန့်ဖုတ်ဆိုဒါ

မုန့်ဖုတ်ဆိုဒါက အသားအရည်နဲ့ပတ်သက်တဲ့ပြဿနာတော်တော်များများကိုဖြေရှင်းပေး ပါတယ်။မုန့်ဖုတ်ဆိုဒါအနည်းငယ်ကိုရေနဲ့ရောပြီး ထူထူလေးလိမ်းထားပါ။ ၁၅မိနစ်လောက် ထားပြီးရေဆေးချပါ။အသားကိုဖြူဖွေးစေသလို ချိုင်းချွေးနံ့လည်းပျောက်စေပါတယ်။

၃။အာလူး

အာလူးမှာပါဝင်တဲ့အက်စစ်ဓာတ်က သင့်ရဲ့အသားအရည်အတွက်အရမ်းအသုံးဝင်ပါတယ်။ အသားအရည်ထိခိုက်မှာကိုတော့စိုးရိမ်စရာမလိုပါဘူး။အာလူးကိုပါးပါးလှီးပြီးချိုင်းမှာကပ်ထားပါ။အာလူးအရည်ကိုလည်းသုံးလို့ရပါတယ်။၁၅မိနစ်လောက်ထားပြီးရေနွေးနွေးလေးနဲ့ဆေးပါ။ တစ်နေ့ကို ၂ကြိမ်ပုံမှန်လုပ်ပေးရင် သင့်ရဲ့ ချိုင်းသိသိသာသာဖြူလာတာကိုမြင်ရမှာပါ။

၎။လိမ္မော်ခွံ

လိမ္မော်သီးစားပြီးရင် အခွံကိုလွှတ်မပစ်နဲ့နော်။လိမ္မော်ခွံက အသားအရည်ကိုဖြူဝင်းစေ တဲ့အစွမ်းရှိပါတယ်။ လိမ္မော်ခွံတွေကိုအခြောက်ခံပြီး အမှုန့်ဖြစ်အောင်လုပ်ပါ။  ပြီးရင်နွားနို့နည်းနည်းနဲ့ရောပြီးချိုင်းအောက်မှာထူထူလေးလိမ်းပါ။တစ်ပတ်ကို ၃ခါလုပ်ပေးရင်သိသာထင်ရှားတဲ့ရလဒ်ကိုမြင်ရမှာပါ။

၅။အုန်းဆီ

နောက်ဆုံးနည်းလမ်းကတော့ အုန်းဆီပါ။အုန်းဆီက အသားအရည်ကိုပြုပြင်ရာမှာ အရမ်းအသုံးဝင်တဲ့အဆီတစ်မျိုးပါ။ဗီတာမင်အီးပါဝင်တာကြောင့် အသားအရည်ကို ပြန်ဖြူစေပါတယ်။အုန်းဆီအနည်းငယ်ကိုချိုင်းမှာလိမ်းပြီး ၁၀မိနစ်ထားပါ။ပြီးရင် ရေနွေးနွေးလေးနဲ့ဆေးပြီး ကလေးသုံးဆပ်ပြာနဲ့ဆေးပါ။တစ်နေ့ကို ၂ကြိမ်ပုံမှန်လုပ်ပေးပါ။ တစ်ပတ်အတွင်း သင့်ရဲ့ ချိုင်းမည်းနေတာပျောက်သွားပါလိမ့်မယ်။

ဒီနည်းလမ်းတွေထဲကတစ်ခုကိုစွဲပြီးလုပ်ပေးရင်တော့ အကျီလက်ပြတ်လေးနဲ့လန်းလို့ရပြီနော်

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *