သက်ရှည်ကျန်းမာ ပျော်ရွှင်အောင်နေထိုင်နည်း (အပိုင်း-၂)

550px-summers-here-2.jpg
Shares 0

(၄)     ပျော်ရွှင်မှုရအောင် ခန္ဓာကိုယ်ကို ထိုက်သင့်သလိုပြုပြင်ပါ။ ကြားရတာအရသာရှိတယ် လို့ ထင်ရင်ထင်လိမ့်မယ်။ ဒါပေမယ့် ပျော်ရွှင်မှုကို ရယူပေးနိုင်တာ ခန္ဓာကိုယ်မှာ ရှိတဲ့ ဦးနှောက်ဆိုတဲ့ အစိတ်အပိုင်းတစ်ခုတည်းကလို့ ထင်နေရင်မှားပါတယ်။ လေ့လာသူတွေ တွေ့ရှိတာကတော့ လေ့ကျင့်ခန်းလုပ်ခြင်း၊ ကျန်းမာရေးနဲ့ညီညွတ်တဲ့ ၀ိတ်လျော့ခြင်း၊ ပုံမှန်အိပ်စက်အနားယူခြင်းတွေဟာ ပျော်ရွှင်မှုကို ပိုမိုကြီးထွားလာစေ နိုင်တဲ့ သော့ချက် တစ်ခုပါပဲ။

(၅)     သူငယ်ချင်း ၊ မိသားစုတွေနဲ့ နီးနီးကပ်ကပ် ချစ်ချစ်ခင်ခင်နေပါ။ သူတို့နဲ့ပိုနီးကပ် အောင်ကြိုးစားခြင်းကြောင့် သူတို့ကို ပိုနားလည်လာနိုင်ပါလိမ့်မယ်။ ကျွန်ုပ်တို့ဟာ မိုဘိုင်း လူ့အဖွဲ့အစည်းထဲမှာ နေသလိုဖြစ်နေပါတယ်။ လူတွေဟာ အလုပ်နောက်ကို လိုက်ရင်းနဲ့ နိုင်ငံအနှံ့အပြား ၊ တစ်ချို့တွေဆို ကမ္ဘာအနှံ့အပြားမှာပါ ရောက်ရှိလို့ နေရပါတယ်။ ဘာလို့ဒီလိုလုပ်နေကြလဲဆိုတော့ လုပ်ခလစာများများရခြင်းဟာ ကျွန်ုပ်တို့ကို ပျော်ရွှင်စေနိုင်တယ်လို့ ထင်နေကြလို့ပဲ။ တဖက်ကကြည့်တော့ သူငယ်ချင်း ၊ မိသားစုအသိုင်းအ၀ိုင်းနဲ့ ပိုဝေးကွာလာပြီး ပျော်ရွှင်မှုတွေ ပိုပျောက်ဆုံး လာတာပါပဲ။ ဒီတော့ နောက်တစ်ကြိမ် နေရာပြောင်းဖို့ရှိလာတယ်ဆိုရင် လစာ တိုးတာကိုရွေးမလား မိသားစုနဲ့ဝေးကွာပြီး ပျော်ရွှင်မှုတွေနဲ့ ကင်းကွာသွားရတာကို ရွေးချယ်မလားဆိုတာ မိမိလိုအပ်ချက်ကို သေချာသိဖို့လိုပါတယ်။

(၆)     ပျော်ရွှင်မှုအတွက် အထောက်အကူပြုတဲ့ အခြားအချက်တွေကတော့ လူသားချင်း ထောက်ထားညှာတာပါ။ သနားချစ်ခင်ပါ။ ကိုယ့်ထက်နိမ့်ပါးသူတွေကို ဒီလို ဆက်ဆံပေးလိုက်ခြင်းဟာ သူတို့ရင်ထဲမှာ တစ်စုံတစ်ရာ အားဖြစ်ထွန်းသွားသလို မိမိကိုယ်ကိုယ်လဲ ကြီးမြတ်သူတစ်ယောက်လို ခံစားရစေနိုင်ပါတယ်။

(၇)     အသက်အရွယ်တူ အပေါင်းအသင်းတစ်ချို့နဲ့ အဓိပ္ပါယ်အပြည့်အ၀ရှိပြီး နက်ရှိုင်းတဲ့ ဘ၀အတွေ့အကြုံ အတွေးအမြင်တွေကို စကားဝိုင်းဖွဲ့ပြီး ဖလှယ်ပါ။

(၈)     လက်ရှိလုပ်နေတဲ့အလုပ်အပေါ် အာရုံထားပြီး အလုပ်နဲ့ပတ်သက်လို့ ပျော်ပျော် ရွှင်ရွှင် လုပ်ဆောင်နိုင်အောင် ကြိုးစားပါ။

(၉)     လွယ်ကူ ရိုးရှင်းပြီး အရေးကြီးတာ တစ်ခုက နှစ်နှစ်ကာကာပြုံးပါ။ သင့်ကိုရော တစ်ဖက်သားကိုပါ ပျော်ရွှင်မှုတွေ ကူးစက်စေပါတယ်။

(၁၀)   ခွင့်လွှတ်တတ်အောင်ကြိုးစားပါ။ ခွင့်မလွှတ်နိုင်စရာ ကိစ္စတစ်ခုကို ခွင့်လွှတ် ပါတယ်လို့ ပြောလိုက်ခြင်းကြောင့် သင့်ရဲ့နှလုံးသားကို ဘယ်လောက်ထိအောင် တိုက်ရိုက် အကျိုးပြုသွားတယ်ဆိုတာ လက်တွေ့စမ်းသပ်ကြည့်ပါ။ 

ဒီအချက်လေးတွေကို ကြိုးစားကြည့်ရင်တော့ ဘ၀မှာ ကြုံနေရတဲ့ စိတ်မချမ်းမြေ့စရာတွေဆီကနေ ပျော်ရွင်မှုကို ပြန်လည်ဖမ်းဆုပ်ယူနိုင်မှာ အသေအချာပဲ ဖြစ်ပါတယ်။

Ref:wikihow

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *