Coke ကိုနေ့တိုင်းသောက်ရင်ဘာတွေဖြစ်လာနိုင်မလဲ?

Shares 0

သင်က Coke ကိုနေ့တိုင်းသောက်လေ့ရှိသူတစ်ယောက်လား? အဲ့ဒါဆိုရင် ဒီစာကိုသေချာပေါက် ဆက်ဖတ်သင့်ပါပြီ။မကြာသေးခင်ကလေ့လာတွေ့ရှိချက်တွေအရ coke ကိုနေ့တိုင်းသောက်လေ့ ရှိသူတွေဆီမှာဖြစ်လာနိုင်တဲ့ရောဂါအခြေအနေ ၇ခုတောင်ရှိတယ်လို့သိရပါတယ်။

၁။ဗီတာမင်ချို့တဲ့ခြင်း

Coke မှာပါဝင်တဲ့ကဖင်းဓာတ်တွေ၊ အက်ဆစ်ဓာတ်တွေကသင့်ခန္ဓာကိုယ်ထဲက ဗီတာမင်ဓာတ်ကိုဆုံးရှုံးစေပါတယ်။နေ့တိုင်းသောက်နေမယ်ဆိုရင် ဗီတာမင်ချို့တဲ့လို့ အရိုးတွေအလွယ်တကူရောင်ရမ်းတာ၊ကြွက်သားတွေနာကျင်တာ၊လက်သည်းတွေ ကွာကျတာတွေဖြစ်လာနိုင်ပါတယ်။

၂။သွားကျိုးလွယ်ခြင်း

ကိုကာကိုလာမှာ ပါဝင်တဲ့အချိုဓာတ်တွေက သွားတွေကိုအလွယ်တကူပျက်စီးကျိုးလွယ်စေပါတယ်။ သင့်ရဲ့ သွားတွေကိုမြန်မြန်မကျိုးစေချင်ဘူးဆိုရင် ဒီနေ့ကစပြီးကိုကာကိုလာကိုလျှော့သောက် ဖို့ကြိုးစားသင့်ပါတယ်။

၃။စိတ်ဖိစီးမှုများလာခြင်း

ကိုလာမှာပါဝင်တဲ့ကဖင်းဓာတ်က ကော်ဖီပြင်းပြင်းမှာပါဝင်တဲ့ကဖင်းဓာတ်နဲ့အတူတူပါပဲ။ ကဖင်းဓာတ်များလာလေလေ တက်ကြွမှုရှိမလာပဲ စိတ်ဖိစီးမှုသာပိုဖြစ်လာစေပါတယ်။ နေ့တိုင်းသောက်မယ်ဆိုရင်ခေါင်းကိုက်တာ၊အလွယ်တကူစိတ်ဓာတ်ကျတာစသဖြင့် စိတ်ပိုင်းဆိုင်ရာပြဿနာတွေဖြစ်လာစေနိုင်ပါတယ်။

၎။ကိုယ်အလေးချိန်တက်လာခြင်း

ဆိုဒါပါဝင်တဲ့အချိုရည်တွေကသင့်ရဲ့ခန္ဓာကိုယ်အလေးချိန်ကိုမြင့်တက်စေပါတယ်။သွေးထဲမှာ မလိုအပ်တဲ့သကြားဓာတ်တွေများလာတာကြောင့်အဆီပိုတွေဖြစ်လာစေပါတယ်။ ကိုယ်အလေးချိန်လျှော့ချချင်တယ်ဆိုရင်ဂတ်စ်ပါတဲ့အအေးတွေ၊ဆိုဒါပါဝင်တဲ့ အချိုရည်တွေကိုရှောင်သင့်ပါတယ်။

၅။အရေးအကြောင်းမြန်မြန်ဖြစ်လာခြင်း

Coke သောက်တာက ဆေးလိပ်သောက်တာလိုပဲ သွေးထဲကသကြားဓာတ်ကိုများစေပြီး အသားအရည်ကိုခြောက်သွေ့စေပါတယ်။နေ့တိုင်းသောက်မယ်ဆိုရင် မြန်မြန်ဆန်ဆန်နဲ့ အရေးအကြောင်းတွေဖြစ်လာစေပါတယ်။အသားအရည်ကိုညစ်နွမ်းလာစေပါတယ်။

၆။နှလုံးရောဂါနဲ့တခြားရောဂါများခံစားလာရခြင်း

ကိုကာကိုလာကိုနေ့တိုင်းသောက်တာက သွေးဖိအားများလာပြီး မကောင်းတဲ့ ကိုလက်စထရောဓာတ်တွေကြောင့်နှလုံးကိုထိခိုက်လာနိုင်ပါတယ်။ကိုကာကိုလာက ဆီးချိုရောဂါကိုလည်းဖြစ်စေနိုင်ပါတယ်။

၇။ကျောက်ကပ်ပျက်စီးခြင်း

Coke မှာ သကြားအစား သင့်ရဲ့ ကျောက်ကပ်ကိုပျက်စီးစေတဲ့ သဘာဝမဟုတ်တဲ့အချိုဓာတ်တွေ ပါဝင်ပါတယ်။နေ့တိုင်းသောက်သုံးမယ်ဆိုရင် ကျောက်ကပ်ကိုထိခိုက်လာနိုင်ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *