၂၀၁၇မှာ ချစ်သူတွေအဖြစ်က ပြတ်စဲခဲ့ကြတဲ့ အနုပညာရှင်စုံတွဲများ

Shares 0

ပရိသတ်တွေက ကိုယ်သဘောကျတဲ့အနုပညာရှင်စုံတွဲတွေ ပြတ်စဲသွားကြရင် စိတ်မကောင်းဖြစ်ကြပါတယ်။သူတို့ကိုအမြဲတွဲစေချင်ပေမဲ့လည်း အဆင်မပြေတာတွေရှိလာလို့ လမ်းခွဲကြတာပဲလို့နားလည်ပေးထားကြပါတယ်။အခု ၂၀၁၇မှာ လမ်းခွဲခဲ့ကြတဲ့ အနုပညာရှင်စုံတွဲတွေကိုပြောပြချင်ပါတယ်။

Nam Joo Hyuk and Lee Sung Kyung

Weightlifting Fairy Kim Bok Joo ဇာတ်ကားထဲက ချစ်စရာစုံတွဲလေးပါ။သူတို့က မော်ဒယ်ဘ၀မှာတည်းက အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ခဲ့ကြတာပါ။ဧပြီ ၂၄ရက်နေ့တုန်းက ချစ်သူတွေဖြစ်ကြောင်းကြေညာခဲ့ပြီး အလုပ်တွေများတာကြောင့် တွေ့ဖို့အချိန်မရှိတော့တဲ့အတွက် သြဂုတ်လ ၁၈ရက်နေ့မှာ ပြတ်စဲခဲ့ကြတယ်လို့သိရပါတယ်။ ပြတ်သွားကြပေမဲ့လည်း တစ်ယောက်နဲ့တစ်ယောက် သူငယ်ချင်းသံယောဇဉ်တွေရှိနေကြတုန်းပါပဲ။

Kai and Krystal

Exo အဖွဲ့ဝင် Kai နဲ့ Krystal တို့က အရင်းနှီးဆုံးသူငယ်ချင်းတွေဖြစ်ကြပြီး တစ်နှစ်နဲ့တစ်လတွဲခဲ့ကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ မေလ ၃၁ရက်နေု့တုန်းက လမ်းခွဲကြောင်းကြေညာခဲ့တာပဲဖြစ်ပါတယ်။

Shin Ha Kyun and Kim Go Eun

သူတို့စုံတွဲလေးကတော့  ၂၀၁၆ သြဂုတ်လမှာ ချစ်သူတွေဖြစ်ကြောင်းကြေညာခဲ့ပြီး မတ်လ ၂၁ရက်နေ့တုန်းကပြတ်စဲခဲ့ကြတာပါ။

Jang Ki Ha and IU

IU က Jang Ki Ha နဲ့ အသက် ၁၁ နှစ်ကွာပေမဲ့ နှစ်ယောက်လုံးက ဂီတကိုချစ်မြတ်နိုးကြတဲ့ သူတွေဖြစ်လို့ တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းပြီးတွဲခဲ့ကြပါတယ်။ ဒါပေမဲ့၂၀၁၅ အောက်တိုဘာလမှာစတွဲခဲ့ပြီး အဆင်မပြေတာတွေရှိလာတာကြောင့် ၂၀၁၇ဇန်န၀ါရီ ၂၂ရက်နေ့မှာပြတ်စဲခဲ့ကြတာပါ။၃နှစ်တောင်လက်တွဲလာကြတဲ့ချစ်သူတွေဖြစ်လို့ပရိသတ်တွေက အရမ်းကိုစိတ်မကောင်းဖြစ်ခဲ့ကြပါတယ်။

Lee Sang Yoon and Uee

သူတို့စုံတွဲက ၂၀၁၆မေလမှာစတွဲခဲ့ကြတာဖြစ်ပြီး ၂၀၁၇ ဇန်န၀ါရီ ၂၄မှာပြတ်စဲခဲ့ကြပါတယ်။ တစ်နှစ်ကျော်ကြာတွဲခဲ့ကြတဲ့ချစ်သူတွေပါ။၂၀၁၆မှာကျင်းပခဲ့တဲ့ MAMA ပွဲကိုတောင်နှစ်ယောက် အတူတွဲတက်ခဲ့ပါသေးတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *