အဲဗာတန်နဲ့ ပွဲမှာ ဗန်ပါဆီပြန်ကစားနိုင်မယ်လို့ အတည်ပြုလိုက်တဲ့ မန်ယူနည်းပြဒေးဗစ်မိုရက်စ်

a.jpg
Shares 0

ခြေချောင်းနဲ့ ပေါင်ဒဏ်ရာများကြောင့် လေဗာကူဆင်၊ တော့တင်ဟမ်အသင်းများနဲ့ ကစားခဲ့တဲ့ ပွဲစဉ်များကို လွဲချော်ခဲ့ရတဲ့ မန်ယူတိုက်စစ်မှူးရော်ဘင်ဗန်ပါဆီဟာ အခုဆိုရင် ပျောက်ကင်းသက်သာနေပြီဖြစ်တာကြောင့် ယနေ့ည (၂း၁၅)မှာ ကစားဖို့ရှိနေတဲ့ အဲဗာတန်နဲ့ အိမ်ကွင်းပွဲစဉ်မှာ ပြန်လည်ပါဝင်နိုင်တော့မှာဖြစ်တယ်လို့ ဒေးဗစ်မိုရက်စ်ကပြောလာခဲ့ပါပြီ။ မန်ယူအနေနဲ့ ပြီးခဲ့တဲ့ ပရီးမီးယားလိဂ်(၂)ပွဲဆက်တိုက် သရေကျခဲ့ပြီးတဲ့ နောက်မှာ အဆင့်(၅)နေရာမှာ (၂၄)မှတ်နဲ့ရှိနေတဲ့ အဲဗာတန်ရဲ့အောက် (၂)မှတ်အကွာအဆင့်(၈)မှသာရပ် တည်နေနိုင်တာဖြစ်ပါတယ်။ “ ရော်ဘင်က ကောင်းနေပါပြီ။ သူအခွင့်အရေးရမှာပါ။ ကျွန်တော်တို့အသင်းအ တွက် အလုပ်က နိုင်ပွဲတွေဆက်အောင်ယူပြီး ကောင်းမွန်တဲ့ပုံစံတစ်ခု ပိုင်ဆိုင်ဖို့ပါပဲ။ ပြောရရင်ပြီးခဲ့တဲ့တစ် ပတ်အတွင်း (၂)ပွဲသရေ၊ တစ်ပွဲနိုင်ဆိုတာ သိပ်ဆိုးတဲ့ရလဒ်တော့မဟုတ်ပါဘူး။  အဲဗာတန်ဟာ နည်းပြသစ်၊ ကစားသမားသစ်များနဲ့ အကောင်းဆုံးလုပ်ပြနေနိုင်ပါတယ်။ ကျွန်တော်လည်း အဲဗာတန်မှာ ကောင်းမွန်တဲ့ အချိန်တွေရခဲ့ဖူးတယ်။ ကောင်းကောင်းမွန်မွန်လည်း ဆက်ဆံခဲ့ရပေမယ့် အခုချိန်မှာ မန်ယူနည်းပြဖြစ်နေ ပြီလေ”လို့ ဒေးဗစ်မိုရက်စ်က ပြောခဲ့ပါတယ်။

မန်ယူဟာ ပရီးမီးယားလိဂ်ပွဲစဉ်(၁၄)မှာ အဲဗာတန်နဲ့ကစားပြီး နောက်(၂)ရက်အကြာမှာ ပွဲစဉ်(၁၅)အဖြစ်  နယူးကာဆယ်ကို အိမ်ကွင်းမှာပဲ ဆက်လက်ကစားသွားဖို့ရှိနေပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *