သင်မထင်မှတ်ထားတဲ့နည်းလမ်းတွေနဲ့ ဗိုက်အဆီကိုဖယ်ရှားကြမယ်

Shares 0

ဗိုက်မှာစုပုံနေတဲ့အဆီတွေကို မြန်မြန်ဆန်ဆန်နဲ့ကျဆင်းစေချင်တယ်ဆိုရင် ဒီနည်းလမ်းလေးတွေက အသုံးဝင်စေမှာပါ။ လက်တွေ့လုပ်ကြည့်ပါ။ အစားလည်းအများကြီးလျှော့စားစရာမလိုပဲ လအနည်းငယ်အတွင်းဗိုက်အဆီတွေကျဆင်းစေမှာပါ။

၁။သင့်ရဲ့ ထမင်းပန်းကန်ကိုအရောင်စုံအောင်လုပ်ပါ

ဒါကတော့ နာမည်ကြီးမော်ဒယ်တစ်ယောက်ဖြစ်တဲ့ Christie Brinkley ဆီကရရှိခဲ့တဲ့ နည်းလမ်းတစ်ခုပါ။ထမင်းပန်းကန်ထဲမှာ ထမင်းဖြူနည်းနည်း၊ အစိမ်းရောင်ဟင်းသီးဟင်းရွက် ၊အနီရောင်ခရမ်းချဉ်သီး၊ငရုတ်သီး၊မုန်လာဥစသဖြင့် အရောင်စုံအောင်စားပြီး အာဟာရမျှတစေဖို့ရည်ရွယ်ပြောခဲ့တာဖြစ်ပါတယ်။

၂။ဆိုဒါပါဝင်တဲ့အချိုရည်တွေသောက်တာကိုရပ်ပါ

ဆိုဒါပါဝင်တဲ့အချိုရည်တွေက သင့်ကိုပိုပြီးဝစေပါတယ်။ သကြားလည်းပါဝင်တာကြောင့် ကျန်းမာရေးအတွက်လည်းမကောင်းမွန်စေပါဘူး။အချိုရည်အစားရေများများသောက်ပါ။

၃။နံနက်စာမစားပဲမနေပါနဲ့

နံနက်စာက တစ်နေ့တာလုံးအတွက်အားဖြည့်ပေးနိုင်တဲ့အဓိကအရာပါ။ နံနက်စာမစားဘူးဆိုရင်အားအင်ကုန်ခမ်းသလိုခံစားရပြီး တစ်နေ့တာလုံးစိတ်ပင်ပန်းနေစေပါတယ်။ တစ်နေ့လုံးလည်းလိုအပ်တာထက်ပိုပြီး စားမိစေပါတယ်။

၎။ပရိုတင်းပါတဲ့အစားအစာများများစားပါ

ပရိုတင်းဓာတ်ကလူကိုအားဖြစ်စေပြီးကိုယ်အလေးချိန်လျှော့ချတဲ့သူတွေအတွက်အသင့်တော်ဆုံးပါ။ပရိုတင်းပါဝင်တဲ့အစားအစာတွေစားမယ်ဆိုရင် အလွယ်တကူဗိုက်မဆာတော့ပဲ အားအင်တွေပိုရှိလာပါလိမ့်မယ်။

၅။ရေများများသောက်ပါ

ရေများများသောက်တာက ကိုယ်အလေးချိန်ကို များများလျှော့ချမပေးနိုင်ပေမဲ့ အစာစားတိုင်း များများစားမိနေတဲ့အကျင့်ကိုပြင်ပေးနိုင်ပါတယ်။ထမင်းမစားခင်ရေတစ်ခွက်သောက်ပေးပါ။ အဲ့ဒါဆိုရင်ထမင်းစားတဲ့အခါနည်းနည်းပဲစားဖြစ်ပါလိမ့်မယ်။

၆။အသင့်စားအစားအစာတွေဖြတ်ပါ

အာလူးကြော်၊ဟမ်ဘာဂါစတဲ့အမြန်ရနိုင်တဲ့ပေါင်မုန့်တွေ၊အအေးတွေကိုဒီနေ့ကစပြီးဖြတ်ပါ။ကယ်လိုရီများတဲ့အစားအစာတွေကသင့်ရဲ့ ခန္ဓာကိုယ်အလေးချိန်ကိုတိုးလာစေပါတယ်။ စိတ်ကိုထိန်းပြီးကျန်းမာရေးနဲ့သင့်တော်တဲ့အသီးဖျော်ရည်၊အရွက်တွေကိုစားပါ။

၇။ပန်းကန်အသေးနဲ့စားပါ

နောက်ဆုံးတစ်ခုကတော့သင့်ရဲ့ ထမင်းစားပန်းကန်ကိုပြောင်းပါ။ အရင်စားနေကျထက်သေးတဲ့ ပန်းကန်လုံးကိုရွေးချယ်ပါ။ အဲ့ဒီပန်းကန်လုံးအသေးကိုသာအပြည့်ထည့်ပြီးစားပါ။ ထမင်းစားတဲ့အခါဖြည်းဖြည်းချင်းဝါးပေးတာက အများကြီးစားရသလိုခံစားရစေပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *