လူကြိုက်အများဆုံးသီချင်းထဲမှာ ထိပ်ဆုံးကရပ်တည်နေတဲ့သီချင်းကောင်း ၅ပုဒ်

Shares 0

ဒီတစ်ပတ်အတွင်း လူကြိုက်အများဆုံးစာရင်းထဲမှာပါဝင်နေတဲ့သီချင်းလေး ၅ပုဒ်ကို ပရိသတ်တွေနဲ့မိတ်ဆက်ပေးချင်ပါတယ်။

ပထမဆုံးသီချင်းကတော့ Ed Sheeran ရဲ့ “Shape Of You” သီချင်းပါ။သူ့သီချင်းလေးကထွက်ထားတာကြာနေပြီဖြစ်ပေမဲ့ အခုချိန်ထိ ပရိသတ်တွေရဲ့ အကြိုက်ဆုံးထဲမှာပါဝင်နေပါတယ်။

ဒုတိယသီချင်းကတော့ Dua Lipaဆိုထားတဲ့ “New Rules” ပါ။သူ့ရဲ့ သီချင်းကလည်း နံပါတ် ၂နေရာမှာရှိနေတဲ့သီချင်းကောင်းတစ်ကောင်းဖြစ်တာကြောင့်နားမထောင်ရသေးတဲ့ပရိသတ်တွေအတွက် တင်ပေးလိုက်ပါတယ်။

တတိယသီချင်းကတော့ပေါ့ပ်အဆိုတော်မလေး Taylor Swift ရဲ့ “Look What You Made Me Do” ပါ။ဒီသီချင်းကတော့ ကောင်းတယ်လို့ညွှန်းဖို့တောင်မလိုတော့ပါဘူး။

နံပါတ်လေးနေရာကိုရောက်နေတဲ့သီချင်းကတော့ ZAYNရဲ့ “Dusk Till Dawn” သီချင်းပါ။Zayn ရဲ့ သီချင်းအသစ်တွေစောင့်မျှော်နေတဲ့သူတွေအတွက် သီချင်းကောင်းတစ်ပုဒ်ပါပဲ

နံပါတ် ၅နေရာရောက်နေတဲ့သီချင်းလေးကတော့ Sam Smith ရဲ့ “Too Good At Goodbyes” သီချင်းပါ။ မကြာသေးခင်ကမှ ထွက်ရှိထားတဲ့သီချင်းသစ်တစ်ပုဒ်ဖြစ်ပါတယ်။Sam Smith ရဲ့သီချင်းတွေကအေးအေးလေးနဲ့ နားထောင်ကောင်းတာကြောင့်ဒီသီချင်းကို လည်းနှစ်သက်ကြမယ်ထင်ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *