မကြာခင်ကမှ ချစ်သူရှိတဲ့အကြောင်းကြေညာခဲ့တာဖြစ်ပေမဲ့ Jewelry ဆိုင်မှာလက်စွပ်ရွေးနေပြီဖြစ်တဲ့ Luhan

Shares 0

မကြာသေးခင်က ချစ်သူရှိနေပြီဖြစ်ကြောင်း ပရိသတ်တွေကိုတရားဝင်ချပြခဲ့တဲ့ အဆိုတော် သရုပ်ဆောင် Luhan က လက်စွပ်ဝယ်ဖို့ရတနာဆိုင်ကို သွားရောက်ခဲ့တယ်လို့သိရပါတယ်။ တရုတ်မင်းသမီးချောလေးနဲ့ချစ်သူတွေဖြစ်နေတဲ့အကြောင်းကိုသိပ်မကြာခင်ကမှ ပရိသတ်တွေ ကိုပြောပြခဲ့တာပါ။ ဒါပေမဲ့ Luhan ကတော့ ရှော့ပင်းထွက်ခဲ့ပြီးလက်စွပ်ဆိုင်ကို ၀င်ရောက်ခဲ့တယ်လို့ သိရပါတယ်။မြန်ဆန်လွန်းတဲ့အဖြစ်အပျက်ကြောင့်ပရိသတ်တွေက အံ့သြတကြီးဖြစ်နေကြပါတယ်။

ရှန်ဟိုင်းက “de Grace” Jewelry ဆိုင်မှာ အလုပ်လုပ်တဲ့သူတစ်ယောက်က အင်စတာဂရမ်မှာ အခုလိုပဲတင်ထားခဲ့ပါတယ်။“Luhan ကဆိုင်ထဲကိုဝင်လာခဲ့ပြီး လက်စွပ်ရွေးချယ်တဲ့ စာအုပ်ကိုယူခဲ့ပါတယ်။ပြီးတော့ တံခါးပိတ်လိုက်ပါ။ သူနည်းနည်းကြောက်လို့”လို့ Luhan ကပြောခဲ့တဲ့အကြောင်းကိုပြန်ပြီးတင်ထားခဲ့တာပါ။

Luhan ရဲ့ ချစ်သူရသွားတဲ့သတင်းကြောင့် လူငယ်မိန်းကလေးပရိသတ်တွေကြားမှာ အများကြီးဂယက်ထခဲ့ပါတယ်။ကိုယ့်ကိုယ်ကိုသတ်သေတဲ့မိန်းကလေးတွေလည်းရှိတယ်လို့ သိခဲ့ရပါတယ်။အခုလက်စွပ်လာဝယ်တာကိုမြင်ရင် သူ့ရဲ့ ပရိသတ်တွေဘယ်လိုဖြစ်သွားမလဲ ဆိုတာကို စိုးရိမ်လို့ အခုလိုတံခါးပိတ်ခိုင်းခဲ့တာဖြစ်မှာပါ။ပြီးတော့ သူဘာဖြစ်လို့လက်စွပ်ကို ၀ယ်ရတာလဲဆိုတာ အသေးစိတ်တော့မသိရသေးပါဘူး။တစ်ချို့ပရိသတ်တွေကတော့  သူ့ရဲ့ စေ့စပ်ပွဲအတွက်ဝယ်ယူခဲ့တာဖြစ်မယ်လို့ခန့်မှန်းထားကြပါတယ်။မကြာခင်တော့ Luhan က သူ့ရဲ့ ပရိသတ်တွေကိုပြောပြသွားမှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *