နုပျိုချောမွေ့တဲ့မျက်နှာအသားအရည်လေးရအောင် အာလူးကိုသုံးကြမယ်

Shares 313

ဟင်းချက်အစားအစာတစ်ခုလိုသုံးလို့ရသလို အာလူးက အလှအပအတွက်လည်း အသုံးဝင်တယ်ဆိုတာသိပြီးကြပြီလား။မသိသေးရင် အာလူးရဲ့ အကျိုးကျေးဇူးတွေက ဘာတွေလဲဆို တာပြောပြပေးသွားပါမယ်။

၁။လည်ပင်းမည်းတာကိုပြန်ဖြူစေတယ်

မျက်နှာကဖြူနေပြီး လည်ပင်းတစ်ဝိုက်ကမည်းနေရင် ကြည့်မကောင်းဘူးနော်။ အာလူးကိုကြိတ်စက်ထဲထည့်ပြီးအရည်ရအောင်လုပ်ပါ။ပြီးရင်အဲ့ဒီအရည်ကိုလည်ပင်းတစ်ဝိုက်လိမ်းပေးပါ။နာရီဝက်လောက်ထားပြီးရင် ရေဆေးချလိုက်ပါ။ တစ်ပတ်လောက်လုပ်ပြီးရင်သိသာလာတာကိုမြင်တွေ့ရမှာပါ။

၂။မျက်ကွင်းညိုတာပျောက်ကင်းစေတယ်

မိန်းကလေးအများစုက မျက်ကွင်းလေးတွေညိုတတ်ကြပါတယ်။မိတ်ကပ်လိမ်းတဲ့အခါမှာလည်း မျက်ကွင်းညိုတာကိုမသိသာအောင်အမျိုးမျိုးလိမ်းရပါတယ်။အခုစိတ်ပူစရာမလိုတော့ဘူးနော်။ အာလူးကိုပါးပါးလှီးပြီးမျက်လုံးနေရာကိုကပ်ထားပါ။၁၀မိနစ်နေရင်ရေနဲ့သေချာ သန့်စင်ပေးပါ။ ၃ရက်တစ်ခါလောက်လုပ်ပေးရင် မျက်ကွင်းညိုတာသိသိသာသာလျော့နည်းသွားတာကိုတွေ့ရ ပါလိမ့်မယ်။

၃။ဝက်ခြံပျောက်ကင်းစေတယ်

အာလူးကမျက်နှာပေါ်က၀က်ခြံတွေကိုပျောက်ကင်းစေပါတယ်တဲ့။အာလူးအရည်စားပွဲတင်ဇွန်း တစ်ဇွန်းစာလောက်ကိုမျက်နှာမှာလိမ်းပါ။၁၅မိနစ်နေရင်ရေနဲ့သေချာသစ်ပါ။ တစ်လကျော်လောက်ပုံမှန်လုပ်ပေးသွားရင်ဝက်ခြံတွေပျောက်ကင်းသွားမယ့်အပြင် အသားအရည်ကြည်လင်သန့်စင်သွားတာကိုတွေ့ရပါလိမ့်မယ်။အာလူးပါးပါး လှီးပြီးကပ်ရင်လည်းရပါတယ်။

၎။အသားအရည်စိုပြည်နုပျိုစေတယ်

ခြောက်သွေ့တဲ့မျက်နှာပိုင်ရှင်တွေအတွက်သတင်းကောင်းတစ်ခုပါပဲ။အာလူးက ခြောက်သွေ့တဲ့အသားအရည်ကိုပြန်လည်စိုပြေစေတဲ့အပြင် နုပျိုပြီးအရေးအကြောင်း ကင်းစင်စေပါတယ်။အာလူးအရည်ကိုမျက်နှာပေါ်မှာလိမ်းပေးရုံပါပဲ။ရေဓာတ်ပါဝင်လို့ အသားအရည်ကိုစိုပြေ၀င်းပစေပါတယ်။လိမ်းပြီး ၁၅မိနစ်နေရင်ရေနဲ့သေချာသစ်ပါ။

၅။ဆံပင်သားကောင်းမွန်စေတယ်

အာလူးအရည်သုံးဇွန်း၊ရှားစောင်းဂျယ်လ် နှစ်ဇွန်း၊ပျားရည်တစ်ဇွန်းကိုရောပါ။ပြီးရင် ဆံပင်သားကိုနှံ့အောင်လိမ်းပါ။၁နာရီလောက်ထားပြီးရေဆေးချပါ။ဆံပင်သားပိုပြီးထူလာစေသလို ကျန်းမာသန်စွမ်းတဲ့ဆံကေသာဖြစ်လာစေပါတယ်။တစ်ပတ်ကိုတစ်ခါပုံမှန်လုပ်ပေးကြည့်နော်

Shares 313
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *