ဝိုင်အနီသောက်ခြင်းကြောင့် သင့်မှာ ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲ?

Shares 61

အခုခေတ်မှာ မိန်းကလေးရော၊ယောက်ျားလေးပါ ၀ိုင်သောက်တတ်ကြမယ်လို့ထင်ပါတယ်။ဒါပေမဲ့ အများစုက ကြိုက်လို့သောက်ကြတာဖြစ်ပြီး ၀ိုင်ကနေရနိုင်မယ့်အကျိုးကျေးဇူးတွေ ကိုသေချာမသိကြသေးပါဘူး။ အနီရောင်ဝိုင်သောက်တာက ကျန်းမာရေးအတွက်ဘယ်လို အထောက်အကူဖြစ်မလဲ ဆိုတာကြည့်လိုက်ရအောင်။

၁။အသက်ပိုရှည်စေတယ်

ဝိုင်မှာပါဝင်တဲ့ procyanidins ဓာတ်က နှလုံးနဲ့ပတ်သက်ပြီးကောင်းမွန်စေပါတယ်။ တန်ဆေးလွန်ဘေးဆိုသလို ပုံမှန်တစ်နေ့တစ်ခွက်သောက်ပေးရင် သင့်ရဲ့ ကျန်းမာရေးအတွက်ကောင်းမွန်စေပါတယ်။အသားအရည်လည်းနုပျိုလာစေပါတယ်။

၂။ဥာဏ်ကောင်းစေတယ်

ဝိုင်သောက်တာရဲ့ နောက်ထပ်အကျိုးကျေးဇူးကတော့ ဥာဏ်ကောင်းလာစေပါတယ်။ မကြာသေးခင်သိပံ္ပပညာရှင်တွေရဲ့ လေ့လာချက်အရ ၀ိုင်သောက်တဲ့သူတွေက တခြားသူတွေထက် ပိုပြီးမှတ်နိုင်စွမ်းရှိလာတယ်လို့သိရပါတယ်။အယ်လ်ဇိုင်းမားရောဂါကိုလည်းကာကွယ်ပေးနိုင်ပါတယ်။

၃။မျက်လုံးအားကောင်းစေတယ်

ဝိုင်က သင့်ရဲ့ မျက်လုံးအားကိုပိုပြီးကောင်းလာစေပါတယ်တဲ့။ ၀ိုင်ကိုနေ့တိုင်းပုံမှန်သောက်ပေးတဲ့သူက တစ်ခြားသူတွေထက် ၃၀ရာခိုင်နှုန်းပိုပြီး မျက်လုံးအားကောင်းစေပါတယ်။အမြင်အာရုံချို့ယွင်းတာတွေလည်းလွယ်လွယ်မဖြစ်စေပါဘူး။

၎။အအေးမိတာကိုကာကွယ်ပေးတယ်

ရာသီအကူးအပြောင်းမှာအအေးမိ၊နှာစေးတာကို ၀ိုင်က သက်သာပျောက်ကင်းစေပါတယ်။ လည်ချောင်းနာတာ၊နှာစေးတာတွေဖြစ်လာရင် ၀ိုင်လေးသောက်ပေးပါ။ဝိုင်မှာ antioxidants တွေပါဝင်လို့အအေးမိတာကိုကာကွယ်တားဆီးပေးပါတယ်။

၅။ကိုယ်အလေးချိန်လျှော့ချပေးတယ်

အံ့သြစရာပါပဲ။လေ့ကျင့်ခန်းတောင်သွားလုပ်စရာမလိုပဲ ၀ိုင်ကိုတစ်နေ့တစ်ခွက် ပုံမှန်သောက်ပေးရုံနဲ့ ခန္ဓာကိုယ်ကဟော်မုန်းဓာတ်ညီမျှစေပြီး အဆီပိုတွေ ကျဆင်းစေပါတယ်တဲ့။နှလုံးနဲ့အရိုးတွေအတွက်လည်းဝိုင်ကပြည့်စုံကောင်းမွန်တဲ့ဆေးတစ်လက်ပါ။

၆။ကောင်းကောင်းအိပ်ပျော်စေတယ်

ညအိပ်ရာဝင်ခါနီး တစ်နာရီလောက်မှာ ၀ိုင်သောက်ပေးရင် ကောင်းကောင်း အိပ်ပျော်စေပါတယ်။ကောင်းကောင်း အိပ်စက်အနားယူမှ နောက်တစ်နေ့မှာ လန်းဆန်းတက်ကြွစွာ အလုပ်လုပ်နိုင်မှာပါ။

 

Shares 61
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *