ဆံပင်တွေခဏခဏကျွတ်အောင် သင်ကိုယ်တိုင်လုပ်မိနေတဲ့အမှားများ

Shares 0

ဆံပင်တွေခဏခဏကျွတ်အောင် သတိမထားမိပဲလုပ်လိုက်မိတဲ့အမှားလေးတွေရှိပါတယ်။ ဆံပင်ပါးတဲ့သူတွေဆိုရင် နှမျောမိမှာပါ။ဒါဆိုရင် သင့်ရဲ့ဆံပင်တွေခဏခဏကျွတ်အောင် သင်ကိုယ်တိုင်လုပ်မိနေတဲ့အမှားလေးတွေကိုပြောပြပေးသွားပါမယ်။ သိပြီးသွားရင်သတိထားကြနော်။

၁။ဆံပင်ကိုတင်းကျပ်အောင်စည်းခြင်း

ဆံပင်ကို တင်းနေအောင်ခေါင်းစည်းကွင်းနဲ့အတင်းစည်းထားတာကလည်း ဆံပင်သားပျက်စီးစေပြီးခေါင်းစီးကြိုးဖြည်တဲ့အခါမှာ ဆံပင်တွေအများကြီးကျွတ်ပါလာတာ ကိုမြင်ရမှာပါ။

၂။ရေနွေးပူနဲ့ခေါင်းလျှော်ခြင်း

ရေနွေးပူတွေနဲ့ခေါင်းလျှော်တာက ဆံပင်မှာရှိနေတဲ့အဆီဓာတ်တွေကိုခြောက်ခမ်းစေပါတယ်။ သဘာဝအဆီတွေက ဆံသားကောင်းမွန်အောင် ထိန်းသိမ်းကာကွယ်ပေးထားတာပါ။ ရေခပ်နွေးနွေးလေးကို သာသုံးပေးသင့်ပါတယ်။

၃။ဆံပင်ကိုမကြာခဏလိမ်ခြင်း

ဆံပင်ကိုမကြာခဏလက်နဲ့လိမ်တာက ဆံပင်သားတွေကိုပျက်စီးစေပါတယ်။အဲ့ဒီအကျင့်ရှိရင်အခုကတည်းကပြင်သင့်ပါတယ်။ဆံပင်ခဏခဏလိမ်တာက သင့်ရဲ့ဆံပင်တွေကျွတ်စေဖို့ အစပါပဲ။

၎။နေရောင်ထိခြင်း

အပြင်သွားရင်ဦးထုပ်၊ထီးတစ်ခုခုဆောင်းပါ။နေရောင်ခြည်နဲ့အများကြီးထိတွေ့ရတဲ့ဆံပင်ဟာ အဆီဓာတ်ခမ်းခြောက်ပြီးဆံပင်သားတွေကိုပျက်စီးစေပါတယ်။ဆံပင်တွေအများကြီး မကျွတ်အောင်အပြင်သွားရင်အကာအကွယ်ယူသွားပါ။

၅။တစ်ပတ်ကိုတစ်ခါပဲခေါင်းလျှော်ခြင်း

တစ်ပတ်ကိုအနည်းဆုံး ၂ခါလျှော်ပေးသင့်ပါတယ်။တစ်ပတ်လောက်၊နှစ်ပတ်လောက်နေမှ ခေါင်းလျှော်တာက ဆဲလ်သေတွေဖြစ်ပေါ်စေပြီး ဆံပင်အသစ်တွေပေါက်လာဖို့ လည်းနှေးကွေးစေပါတယ်။

၆။ရေစိုနေတဲ့ဆံပင်ကိုကြမ်းတမ်းစွာပွတ်ခြင်း

ခေါင်းလျှော်ပြီးတဲ့အချိန်မှာ သင့်ရဲ့ဆံပင်ကိုခပ်ကြမ်းကြမ်းပွတ်တာမျိုးမလုပ်ပါနဲ့။ဖြည်းဖြည်းချင်း သဘက်နဲ့သုတ်ပေးပါ။ခေါင်းဘီးနဲ့လည်းမဖြီးပဲ ဆံပင်တွေအကုန်ခြောက်သွားပြီဆိုမှ ခေါင်းဖြီးပါ။

၇။ခေါင်းကုတ်ခြင်း

မကြာခဏခေါင်းကိုကုတ်ပြီးရှုပ်ပွတတ်တဲ့အကျင့်ရှိရင် ပြင်ပါ။ဗောက်တွေရှိလို့ယားနေရင် ခေါင်းလျှော်ရည်ကောင်းကောင်းနဲ့လျှော်ပေးပါ။ခေါင်းကိုမကြာခဏကုတ်တာက ဆံပင်သားကိုခြောက်သွေ့စေပြီး ဆံပင်တွေကျွတ်လာစေပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *