ဘူဆန်ရုပ်ရှင်ပွဲတော်ကို ချစ်စရာသားလေးတွေနဲ့အတူလာခဲ့တဲ့ မင်းသားချော Song ll Kook

Shares 0

ဂျူမုံလို့လူသိများထင်ရှားခဲ့တဲ့ မင်းသားချော Song ll Kook ဟာ ဘူဆန်မှာကျင်းပတဲ့ အင်တာနေရှင်နယ် ရုပ်ရှင်ပွဲတော်ကိုတက်ရောက်ခဲ့တယ်လို့သိရပါတယ်။မင်းသားက သူ့ရဲ့ချစ်စရာကောင်းလှတဲ့သားလေးသုံးယောက်ကိုပါ အတူခေါ်လာခဲ့တာပါ။

ဝတ်စုံပြည့်ဆင်တူလေးတွေဝတ်ပြီး ရှိုးထုတ်နေကြတဲ့ ကလေးသုံးယောက်ရဲ့ ပရိသတ်တွေကလည်း အပြည့်ပါပဲ။ကလေးသုံးယောက်ကို Super Returns အစီအစဉ် မှာတွေ့ခဲ့ပြီး အခုပထမဆုံးအကြိမ်ပြန်ပြီးတွေ့ရတာပါ။အဲ့ဒီတုန်းက၂နှစ်သာရှိသေးကြပြီး အခုဆိုရင် ၅နှစ်ပြည့်သွားကြပါပြီ။

Daehan လေးက သူ့အဖေနဲ့တဖြည်းဖြည်းပိုတူလာပြီး Minguk လေးကတော့ ချစ်စရာကောင်းတဲ့ပါးဖောင်းဖောင်းလေးတွေပိုင်ဆိုင်နေတုန်းပါပဲ။Mansaeလေးကတော့ ဦးထုပ်လေးနဲ့ရှိုးထုတ်နေတာကိုတွေ့ရပါတယ်။သူတို့ရဲ့ချစ်စရာကောင်းတဲ့ပုံလေးတွေကို ပရိသတ်တွေမြင်တွေ့ရအောင်ပုံလေးတွေနဲ့ဗီဒီယိုတင်ပေးလိုက်ပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *