သင့်ရဲ့ အားလပ်ရက်ကိုပျော်ရွှင်လွတ်လပ်စွာကုန်ဆုံးစေမယ့် နည်းလမ်းများ

Shares 0

ပိတ်ရက်မှာပျော်ပျော်ရွှင်ရွှင်နဲ့အချိန်တွေကုန်ဆုံးစေဖို့နည်းလမ်းလေးတွေရှိပါတယ်။ အရင်က မလုပ်ခဲ့ဖူးဘူးဆိုရင် နောက်ပိတ်ရက်ကစပြီးလုပ်ကြည့်ပါ။သင့်ရဲ့ စိတ်ကိုလုံးဝလွတ်လပ်ပေါ့ပါးစေ မှာပါ။

၁။စွန်လွှတ်ပါ

နေရာကျယ်ကျယ်တစ်ခုရှာပြီး စွန်လွှတ်ပါ။ကလေးဘ၀တုန်းက မကြာခဏစွန်လွှတ်ဖူးတဲ့ သူတွေကတော့ အဲ့ဒီအရသာကိုအခုချိန်ထိပြန်တမ်းတနေမိဦးမှာပါ။ စွန်ကိုမြင့်နိုင်သလောက်မြင့်အောင်ကြိုးအရှည်သုံးပြီးလွှတ်ပါ။သင့်ရဲ့ စိတ်ကလွတ်လပ်ပေါ့ပါးပြီးပျော်ရွှင်မှုကိုခံစားရမယ်ဆိုတာ သေချာပါတယ်။

၂။ရုပ်ရှင်သွားကြည့်ပါ

သင့်ရဲ့ အားလပ်ရက်ကို အကျိုးရှိစေသလို ရုပ်ရှင်ရုံမှာသွားကြည့်ရတဲ့အရသာက ဘာနဲ့မှမတူပါဘူး။ကိုယ်နှစ်သက်တဲ့ရုပ်ရှင်ကားတင်နေတယ်ဆိုရင် သေချာပေါက်လက်မလွှတ်သင့်ပါဘူး။ဟာသကားဆိုရင် စိတ်ကိုပိုပြီးလန်းဆန်းစေပါတယ်။

၃။ကိတ်မုန့်ဖုတ်ပါ

တစ်ခါမှမလုပ်ဖူးဘူးဆိုရင် စမ်းလုပ်ကြည့်ပါ။သူငယ်ချင်းတွေနဲ့ဖြစ်စေ၊မိသားစုနဲ့ဖြစ်စေ စမ်းပြီးလုပ်ကြည့်သင့်ပါတယ်။စနောက်ကျီစယ်ရင်း ကိတ်မုန့်အတူလုပ်ရတာ ပျော်စရာကောင်းတဲ့အမှတ်တရအချိန်တွေဖြစ်စေမှာပါ။

၎။အ၀တ်ဗီရိုရှင်းပါ

အပြင်လည်းမထွက်ချင်ဘူးဆိုရင် သင့်ရဲ့ အ၀တ်အစားဗီရိုကိုရှင်းပါ။ မ၀တ်တော့တဲ့အ၀တ်အစားတွေကိုစုထားပြီး လိုအပ်တဲ့သူတွေကိုပေးပါ။ အ၀တ်ဗီရိုလည်းရှင်းပြီးတဲ့အပြင် ကုသိုလ်တောင်ရပါသေးတယ်။

၅။ပျော်ပွဲစားထွက်ပါ

သူငယ်ချင်းတွေနဲ့အားလပ်ရက်မှာပျော်ပွဲစားထွက်ဖို့ချိန်းပါ။သန့်ရှင်းတဲ့လေနဲ့ ရှုခင်းတွေကသင့်ရဲ့စိတ်ကိုအပန်းပြေစေသလို သူငယ်ချင်းတွေနဲ့စနောက်ကစားတာကလည်း ပိုပြီးရင်းနှီးခင်မင်လာစေပါတယ်။

၆။သင်တန်းတက်ပါ

သင်မသိသေးတဲ့ပညာရပ်ကိုလေ့လာပါ။ဘာသာစကားအသစ်တစ်ခုခုဖြစ်စေ၊၀ါသနာပါတဲ့အနုပညာရပ်တစ်ခုခုဖြစ်စေ သင်တန်းတွေတက်ပြီး အကျိုးရှိရှိကုန်ဆုံးပါ။ သူငယ်ချင်းအပေါင်းအသင်းတိုးသလို ဗဟုသုတလည်းတိုးစေပါတယ်။

၇။ဂိမ်းကစားပါ

တစ်ယောက်တည်းကစားရတာထက် မိသားစုတွေ၊သူငယ်ချင်းတွေနဲ့အတူကစားလို့ရတဲ့ ဂိမ်းမျိုးရွေးချယ်ပါ။ မိုနိုပိုလီ၊ချက်စ်စတဲ့ဥာဏ်ကစားရတဲ့ဂိမ်းတွေကို အတူတူလုပ်ဆောင်ရင်း သင့်ရဲ့အားလပ်ရက်ကို ပျော်ရွှင်စွာကုန်ဆုံးလို့ရပါတယ်။ မတူညီတဲ့အတွေးအမြင်သစ်တွေလည်း ရလာမှာပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *