သင်မဖြစ်မနေသိထားဖို့လိုအပ်တဲ့ မိုဘိုင်းလ်ဖုန်းအန္တရာယ်များ

Shares 0

ဒီနေ့ခေတ်မှာလူတိုင်းရဲ့ လက်ထဲမှာတွေ့ရတတ်တဲ့ဆဲလ်ဖုန်းတွေ၊မိုဘိုင်းလ်ဖုန်းတွေက လူကို အန္တရာယ်ဖြစ်စေနိုင်တယ်ဆိုတာ သင်သိပါသလား။သင်သိထားတဲ့အန္တရာယ်တွေအပြင် မထင်မှတ်ထားတဲ့အန္တရာယ်တွေကိုလည်းတဖြည်းဖြည်းဖိတ်ခေါ်နေတာပါ။ဖုန်းတွေက ဘယ်လိုအန္တရာယ်ပေးနိုင်လဲဆိုတော့…

၁) စိတ်ဖိစီးမှုမြင့်တက်စေတယ်

ဖုန်းတွေကသင့်ရဲ့ စိတ်ဖိစီးမှုကိုမြင့်တက်အောင်လုပ်နိုင်ပါတယ်။ သင်အလုပ်လုပ်နေတုန်း ဖုန်းသံမြည်လာတဲ့အခါမှာ စိတ်အနှောင့်အယှက်ဖြစ်မယ်၊စိတ်တိုမယ်၊သင်မကိုင်ချင်တဲ့ ဖုန်းဝင်လာရင် စိုးရိမ်မယ်၊လန့်မယ်စသဖြင့်ဖုန်းသံက သင့်ရဲ့ စိတ်ကိုလွှမ်းမိုးချုပ်ကိုင်နိုင်ပါတယ်။ အဲ့ဒါကြောင့်ဖုန်းကိုတစ်ရက်လောက်သိမ်းထားပြီးနေကြည့်လိုက်ပါ။ဘာမှစိုးရိမ်စိတ်ပူစရာမလိုပဲ စိတ်အေးချမ်းနေတာကိုသတိထားမိပါလိမ့်မယ်။

၂)ဘတ်တီးရီးယားပိုးတွေကူးစက်မယ်

ဖုန်းဟာ ဘက်တီးရီးယားပိုးတွေအများကြီးဖြစ်ပွားနိုင်တဲ့နေရာတစ်ခုပါ။ သင်ဖုန်းကိုင်လိုက်တဲ့အခါမှာ ဘတ်တီးရီးယားတွေကလက်ကနေ၊နားကနေ ၀င်ရောက်လာတတ်ပါတယ်။အဲ့ဒါကြောင့် နေ့တိုင်းတစ်ကြိမ်လောက် ဘတ်တီးရီးယားပိုးသတ်တဲ့တစ်ရှူးနဲ့ ဖုန်းကိုသန့်စင်ပေးသင့်ပါတယ်။

၃)အသက်အန္တရာယ်ထိခိုက်မယ်

ဒါကတော့ အားလုံးသိပြီးသားပါ။ကားမောင်းနေတုန်းဖုန်းပြောတာကသင့်ရဲ့ အသက်အန္တရာယ် ကိုထိခိုက်နိုင်ပါတယ်။တတ်နိုင်သလောက်ရှောင်တာအကောင်းဆုံးပါပဲ။ ဖုန်းပြောရင်းလမ်းလျှောက်တာကလည်းအသက်အန္တရာယ်ထိခိုက်နိုင်တာကြောင့် ဖုန်းပြောမယ်ဆိုရင် တစ်နေရာရာမှာရပ်ပြီးစကားပြောသင့်ပါတယ်။

၎)ကလေးတွေရဲ့ စိတ်ပိုင်းဆိုင်ရာအကျင့်စရိုက်တွေကိုသက်ရောက်မှုရှိမယ်

လေ့လာချက်တွေအရ ကိုယ်ဝန်ဆောင်မိခင်တွေဖုန်းသုံးတဲ့အခါ မိခင်ရဲ့ စိတ်ခံစားချက်အပြုအမူတွေအရ ကလေးကိုပါသွားပြီးသက်ရောက်မှုရှိစေတယ်လို့သိရပါတယ်။ အများအားဖြင့်ကလေးရဲ့ စိတ်နေအကျင့်စရိုက်ကို ပိုပြီးသက်ရောက်မှုရှိစေပါတယ်။

၅)ခါးနာစေတယ်

ဖုန်းအသုံးပြုတာများလာရင်သင့်ရဲ့ ခါးကိုပါထိခိုက်လာစေပါတယ်။ခါးနာရင် လည်ပင်းနဲ့အနီးအနားက အရိုးအကြောတွေပါနာကျင်ကိုက်ခဲမှုတွေဖြစ်လာနိုင်ပါတယ်။ အဲ့ဒါကြောင့်ဖုန်းကိုလိုအပ်တာထက်ပိုပြီးမသုံးမိဖို့လိုပါတယ်။

၆)နားကိုထိခိုက်စေတယ်

သီချင်းနားထောင်တဲ့အခါမှာ နားကျပ်ကနေတစ်ဆင့် ဘတ်တီးရီးယားပိုးတွေဝင်ရောက်စေပြီး နားအူတာ၊နားမကြားရတော့တာစသဖြင့်နားနဲ့ပတ်သက်တဲ့ရောဂါတွေဖြစ်လာနိုင်ပါတယ်။လူဦးရေ ၂၀ရာခိုင်နှုန်းလောက်က ဖုန်းနဲ့ပတ်သက်တဲ့ နားကျပ်ကိရိယာတန်ဆာတွေကြောင့် အကြားအာရုံကိုဆုံးရှုံးနေကြတယ်လို့သိရပါတယ်။

၇)မျက်စိကိုထိခိုက်စေတယ်

နောက်ဆုံးတစ်ခုကတော့သင့်ရဲ့မျက်လုံးကိုထိခိုက်စေတာပါ။ဖုန်းကိုအချိန်တွေ အကြာကြီးသုံးရင်မျက်ကြည်လွှာပျက်စီးစေပြီးအမြင်အာရုံထိခိုက်လာစေပါတယ်။အဲ့ဒါကြောင့် ဖုန်းကိုလျှော့သုံးပြီးမျက်စိကိုအနားပေးတာတွေလုပ်ပေးသင့်ပါတယ်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *