မုန်လာဥနီဖျော်ရည်သောက်ရင် ဘာကောင်းကျိုးတွေရလာနိုင်မလဲ?

Shares 0

အရင်တုန်းကမုန်လာဥနီဖျော်ရည်မသောက်ဖူးရင် အခုကစပြီးသောက်ပါတော့။မုန်လာဥနီက ကျန်းမာရေးအတွက်သာမက အလှအပအတွက်လည်း အများကြီးအကျိုးရှိစေပါတယ်။ တစ်ချို့ကတော့ဒီတိုင်းစားကြပေမဲ့ဖျော်သောက်တော့စားရတာလည်းမရိုးတော့ဘူးပေါ့။ မုန်လာဥနီဖျော်ရည်သောက်ရင်ရရှိလာနိုင်တဲ့အကျိုးကျေးဇူးတွေကိုပြောပြပေးသွားပါမယ်။

၁။မျက်လုံးအားကောင်းစေတယ်

ဒါကတော့ အားလုံးသိပြီးသားဖြစ်ကြမှာပါ။မုန်လာဥနီကသင့်ရဲ့ မျက်လုံးကို ပိုပြီးအားဖြည့်ပေး ပါတယ်။ဗီတာမင်အေပါဝင်တာကြောင့်မျက်လုံးအားကောင်းအောင်၊မျက်လုံးညောင်းကိုက် တာတွေမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။

၂။အသက်အရွယ်နုပျိုစေတယ်

အသက်မြန်မြန်မကြီးချင်ကြဘူးမှတ်လား။အသက်ကြီးလာရင်အရေးအကြောင်းတွေဖြစ်လာမှာစိုးလို့ လူတိုင်းကငယ်ရွယ်နုပျိုအောင်ဆေးဝါးအကူအညီတွေအမျိုးမျိုးလုပ်နေကြပါတယ်။ မုန်လာဥနီဖျော်ရည်ကိုသာနေ့တိုင်းပုံမှန်လုပ်ပေးရင်အသက်ကြီးတာကိုနှေးကွေးစေပြီး လန်းဆန်းနုပျိုမှုကိုပိုင်ဆိုင်ရမှာပါ။

၃။အသားအရည်တောက်ပစေတယ်

မုန်လာဥနီကအသားအရည်ကိုကြည်လင်တောက်ပစေလို့ ပျိုမေတို့အကြိုက်ပေါ့။ သဘာဝအတိုင်းအသားကိုကြည်လင်ဝင်းပစေတာဖြစ်လို့ ဒီနေ့ကစပြီးသောက်ဖို့မမေ့နဲ့နော်။

၎။နှလုံးရောဂါကိုကာကွယ်ပေးတယ်

နှလုံးရောဂါဆိုတာ အလွယ်တကူကုသလို့မရတဲ့အပြင်အမြဲတမ်းဂရုစိုက်နေရတဲ့ရောဂါတစ်မျိုးပါ။ ဒါပေမဲ့မုန်လာဥနီသာမှန်မှန်သောက်ပေးသွားရင် နှလုံးရောဂါဖြစ်ပွားမှုကိုလျှော့ချပေးနိုင်ပါတယ်တဲ့။ ကိုယ်ခံစွမ်းအားကိုမြှင့်တင်ပေးတဲ့အပြင် ကိုလက်စထရောကိုလည်းလျှော့ချပေးပါတယ်။

၅။ကင်ဆာရောဂါကိုကာကွယ်ပေးတယ်

ဟင်းသီးဟင်းရွက်တွေစားတာဟာ နှလုံးရောဂါ၊ကင်ဆာရောဂါစသဖြင့်ရောဂါတော်တော်များများကို ကာကွယ်ပေးနိုင်တယ်ဆိုတာအားလုံးသိပြီးသားပါ။အဲ့ဒီလိုပဲမုန်လာဥနီဖျော်ရည်ဟာလည်း ကင်ဆာရောဂါကို ကာကွယ်ပေးနိုင်ပါတယ်။ အတွင်းအင်္ဂါအစိတ်အပိုင်းတွေ ခံနိုင်ရည်မြင့်မှရောဂါတွေကို တိုက်ထုတ်ကာကွယ်ပေးနိုင်မှာပါ။

၆။အဆိပ်အတောက်ပြေစေတယ်

မုန်လာဥနီဖျော်ရည်က ခန္ဓာကိုယ်ထဲကအဆိပ်အတောက်တွေကိုကင်းစင်စေပြီး သန့်ရှင်းအောင်လုပ်ပေးပါတယ်။မလိုအပ်တဲ့အဆီပိုတွေကိုဖယ်ရှားပေးတဲ့အတွက် ပုံမှန်သောက်ပေးရင် ခန္ဓာကိုယ်တစ်ခုလုံးပေါ့ပါးလန်းဆန်းနေမှာပါ။

၇။သွားတွေကိုခိုင်မာစေတယ်

မုန်လာဥနီဖျော်ရည်ကသင့်ရဲ့သွားတွေအချိန်မတိုင်ခင်ကျိုးတာ၊ပျက်စီးတာတွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။သွားတွေကိုပိုသန်မာစေပြီးပိုးမွှားတွေကိုဖယ်ရှားပေးပါတယ်။

မုန်လာဥနီဖျော်ရည်ကိုဒီနေ့ကစပြီးသောက်ကြတော့နော်။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *