Girls’ Generation အဖွဲ့ထဲက ထွက်လိုက်ကြပြီဆိုတဲ့ Sooyoung ၊ Seohyun နဲ့ Tiffany

Shares 0

Girls’ Generation အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Sooyoung ၊ Seohyun နဲ့ Tiffanyတို့ဟာ အဖွဲ့ထဲက ထွက်လိုက်ပြီလို့ သိရပါတယ်။မကြာသေးခင်က Tiffany က သရုပ်ဆောင်ပညာကို ဆက်လက်သင်ကြားဖို့အစီအစဉ်ရှိကြောင်းကြေညာခဲ့ပါတယ်။Sooyoung နဲ့Seohyun တို့ကလည်းသူတို့ရဲ့ သရုပ်ဆောင်အလုပ်ကို အေဂျင်စီအသစ်နဲ့ဆက်ပြီးလုပ်သွားမယ် လို့သိရပါတယ်။

အောက်တိုဘာ ၉ရက်နေ့က Girls’ Generation အဖွဲ့ရဲ့ အေဂျင်စီဖြစ်တဲ့ SM အင်တာတိန်းမန့်က အခုလိုပဲပြောခဲ့ပါတယ်။”Girls’ Generation  အဖွဲ့ဟာ ပရိသတ်တွေနဲ့သူတို့အင်တာတိန်းမန့်အတွက် အရမ်းကိုအဖိုးတန်ပြီး အဓိပ္ပာယ်ရှိတဲ့အဖွဲ့တစ်ခုပါ။အဖွဲ့ဝင်တွေက သူတို့ပြိုကွဲဖို့ကိုမစဉ်းစားပေမဲ့လည်း မကြာခင် စာချုပ်တွေလည်းပြီးဆုံးတော့မှာဖြစ်ပါတယ်။အဲ့ဒါကြောင့် သူတို့အဖွဲ့ဝင်တွေရဲ့ အနာဂတ်အတွက် သေချာတိုင်ပင်ပြီးဒီလိုမျိုးခက်ခဲတဲ့ဆုံးဖြတ်ချက်ကိုချလိုက်ရတာဖြစ်တယ်”လို့ စိတ်မကောင်းစွာပြောပြခဲ့ပါတယ်။

Girls’ Generation  အဖွဲ့ဟာ လက်တွဲလာတာ ၁၀နီးပါးရှိနေပြီး မကြာသေးခင်က သူတို့ရဲ့ ၁၀နှစ်ပြည့်အမှတ်တရပွဲကိုကျင်းပခဲ့တာဖြစ်ပါတယ်။အခုဆိုရင်တော့ အဖွဲ့ဝင်သုံးယောက်ကသူတို့ရဲ့ အနာဂတ်အတွက်ပိုပြီးကောင်းမွန်တဲ့လမ်းကိုရွေးချယ်သွားခဲ့ပါပြီ။ ကျန်တဲ့အဖွဲ့ဝင်တွေဖြစ်ကြတဲ့ Taeyeon ၊YooNa၊ Hyoyeon ၊Yuri နဲ့Sunnyတို့ကတော့ SM အင်တာတိန်းမန့်နဲ့ထပ်ပြီး စာချုပ်အသစ်တွေချုပ်ဆိုခဲ့တယ်လို့သိရပါတယ်။

Girls’ Generation  အဖွဲ့ကိုအားပေးတဲ့ပရိသတ်တွေက ကမ္ဘာ့အနှံ့မှာအများကြီးပါပဲ။ ပရိသတ်တွေကလည်း စိတ်မကောင်းဖြစ်ပြီးဝမ်းနည်းကြေကွဲနေတယ်လို့သိရပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *