ချောကလက်အမည်း ( Dark Chocolate )စားရင် ဘယ်လိုအကျိုးကျေးဇူးတွေရလာနိုင်မလဲ ?

Shares 0

သင်က ချောကလက်ကြိုက်သူတစ်ယောက်လား? ဒါဆိုရင်တော့သင့်မှာ ရရှိနိုင်တဲ့အကျိုးကျေးဇူးတွေ အများကြီးရှိပါတယ်။အထူးသဖြင့်ချောကလက်စစ်စစ် ၊ချောကလက်အမည်းက အရသာရှိရုံသာမကပဲ ကျန်းမာရေးအတွက်ပါ အထောက်အကူပြုပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေရမလဲဆိုရင်…

၁။ဦးနှောက်စွမ်းရည်တိုးတက်စေတယ်

လေ့လာတွေ့ရှိချက်အရ ချောကလက်အမည်းကိုပုံမှန်နည်းနည်းစီစားပေးတာက ဦးနှောက်ရဲ့လုပ်ဆောင်ချက်တွေကိုပိုမိုကောင်းမွန်စေပြီးပြဿနာကိုဖြေရှင်းနိုင်တဲ့ စွမ်းရည်လည်းတိုးတက်လာနိုင်ပါတယ်တဲ့။

၂။စိတ်ဖိစီးမှုလျော့စေတယ်

စိတ်ဖိစီးမှုကြုံနေတဲ့အချိန်၊စိတ်ညစ်နေတဲ့အချိန်တွေမှာချောကလက်အမည်းစားပေးတာက စိတ်ကိုလန်းဆန်းစေပါတယ်။စိတ်ဖိစီးမှုတွေကိုလည်း လျှော့ချပေးနိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ရပါတယ်။

၃။အတွေးအမြင်သစ်တွေရစေတယ်

လေ့လာသူတွေရဲ့ အဆိုအရ ချောကလက်အမည်းစားသုံးတဲ့သူတွေဟာ အခြားသူတွေထက် ပိုပြီးကောင်းတဲ့အတွေးသစ်တွေ၊အမြင်သစ်တွေရရှိလာပါတယ်တဲ့။စိတ်ကူးကောင်းကောင်းလေး တွေရလာနိုင်ပါတယ်။

၎။သွေးအားကောင်းစေတယ်

ချောကလက်အမည်းဟာ ခန္ဓာကိုယ်ထဲကသွေးဖိအားကို တိုးတက်မျှတစေဖို့ကူညီပေးပါတယ်။ မကောင်းတဲ့ကိုလက်စထရောတွေကိုလည်းလျှော့ချပေးတဲ့အတွက် ချောကလက် အမည်းကိုနေ့တိုင်း နည်းနည်းစီပုံမှန်စားပေးသင့်ပါတယ်။

၅။သွားတွေကိုပိုပြီးသန်မာစေတယ်

အချိုတွေစားရင် သွားတွေကိုပျက်စီးစေတယ်ဆိုပေမဲ့ ချောကလက်အမည်းမှာပါဝင်တဲ့ theobromine ဓာတ်ဟာ သွားတွေမပျက်စီးအောင်၊ဘတ်တီးရီးယားတွေ ရန်ကနေ ကာကွယ်ပေးပါတယ်။သွားတွေကိုလည်းပိုပြီးသန်မာလာစေပါတယ်။

၆။ငယ်ရွယ်နုပျိုစေတယ်

ချောကလက်အမည်းမှာ antioxidants တွေကြွယ်ဝစွာပါဝင်ပါတယ်။ အဲ့ဒါကြောင့်ဆဲလ်တွေ ပျက်စီးမှုကို ကာကွယ်တားဆီးပေးပါတယ်။ချောကလက်အမည်းက ကင်ဆာရောဂါဖြစ်ပွားမှု ကိုလည်းလျှော့ချပေးနိုင်လို့ ကျန်းမာရေးအတွက် နေ့တိုင်းပုံမှန်စားပေးရင်အကောင်းဆုံးပါ။

၇။အသားအရည်နူးညံ့စေတယ်

ချောကလက်ဖျော်ရည်ကို သောက်ကြတဲ့သူတွေကအသားအရည်ပိုပြီးနူးညံ့တာကို လေ့လာကြည့်ရင်သိနိုင်ပါတယ်။ချောကလက်မှာပါဝင်တဲ့ antioxidants တွေကြောင့် အသားအရည်ကို နူးညံ့စေတာပါ။အစိမ်းရောင်လက်ဖက်စိမ်းရည်နဲ့အနီရောင်ဝိုင်ထက်တောင် antioxidants ပိုများပါတယ်။

ချောကလက်အမည်းကိုနေ့တိုင်းနည်းနည်းစီစားပေးရင် ကျန်းမာရေးအတွက်ရော၊ အလှအပအတွက်ပါ ပြီးပြည့်စုံမှာနော်။ချောကလက်အမည်းဝယ်ရင်သတိထားဖို့က တခြားဘာနဲ့မှမရောပဲ cocoa ၇၀ ရာခိုင်နှုန်းပါတာကိုရွေးချယ်ဝယ်ယူပေးပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *