ထိုင်ဝမ်မှာကျင်းပတဲ့ G-Dragon ရဲ့ ဖျော်ဖြေပွဲကိုသွားရောက်အားပေးခဲ့တဲ့ IU

Shares 0

ထိုင်ဝမ်မှာကျင်းပတဲ့ G-Dragon ရဲ့ဖျော်ဖြေပွဲမှာ IU က ဧည့်သည်အဆိုတော်အဖြစ် သွားရောက်ဖျော်ဖြေအားပေးခဲ့တယ်လို့သိရပါတယ်။ထိုင်ဝမ်မှာ G-Dragon ရဲ့ဖျော်ဖြေပွဲက ၂ရက်ကျင်းပတာဖြစ်ပြီး အောက်တိုဘာ ၇ရက်နေ့က IU ကို  ထိုင်ဝမ်ကိုသွားမယ့်လေဆိပ် မှာတွေ့မြင်ခဲ့ရတာဖြစ်ပါတယ်။သူမက ထိုင်ဝမ်ကဖျော်ဖြေပွဲကိုသွားရောက်အားပေးမယ့် အကြောင်းကိုလည်းသူမရဲ့ အကောင့်မှာ တင်ထားပါသေးတယ်။

အောက်တိုဘာ ၇ရက်နေ့က ဖျော်ဖြေပွဲမှာသူတို့နှစ်ယောက်ဟာ Palette နဲ့ Missing You သီချင်းကိုအတူတူသီဆိုခဲ့ကြတယ်လို့သိရပါတယ်။ဖျော်ဖြေပွဲမှာ IU က ဒီဇင်ဘာလမှာကျင်းပမယ့် သူမရဲ့ ဖျော်ဖြေပွဲအတွက် G-Dragon ကိုလာမှာလားလို့ မေးခဲ့ပါတယ်။ G-Dragonကလည်း ၀မ်းသာအားရနဲ့လာမယ်လို့ပြောခဲ့ကြောင်းသိရပါတယ်။

Palette သီချင်းထဲက ရက်ပ်စာသားတွေက G-Dragon ရေးပေးထားတာဖြစ်ပြီး အဲ့ဒီသီချင်းစာသားတွေထဲမှာပါဝင်တဲ့ You’re a kid that’s always loved YOU ဆိုတဲ့စာသားဟာ ကိုရီးယားစကားလုံးအရ kid နဲ့ YOU ကို အတူတူထားရင် IU လို့ အသံထွက်တယ်လို့သိရပါတယ်။

သူတို့နှစ်ယောက်ဟာ နာမည်ကြီးအဆိုတော်တွေဖြစ်ကြသလို အရမ်းရင်းနှီးကြတဲ့ သူငယ်ချင်းတွေလည်းဖြစ်ပါတယ်။ဒါပေမဲ့ ပရိသတ်တွေကတော့သူတို့အကြောင်းကို စိတ်ဝင်တစားနဲ့စောင့်ကြည့်ပြီး စုံတွဲလေးဖြစ်ဖို့မျှော်လင့်ချက်တွေထားနေတယ်လို့သိရပါတယ်။

အခု သူတို့နှစ်ယောက်က အပြန်အလှန်ဖျော်ဖြေပွဲတွေလာရောက်ဖို့ ကတိတွေထားတဲ့အတွက် ကိုရီးယားနဲ့ထိုင်ဝမ်က ပရိသတ်တွေရဲ့စိတ်ဝင်စားမှုနဲ့မျှော်လင့်ချက်တွေမြင့်တက်လာခဲ့ပါတယ်။ သူတို့နှစ်ယောက်ရဲ့နောက်ထပ်ပူးပေါင်းတင်ဆက်မှုတွေကိုလည်းပရိသတ်တွေကစောင့်မျှော်နေကြပါတယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *