ကမ္ဘာအနှံ့က သင်မဖြစ်မနေသွားလည်သင့်တဲ့ ပွဲတော် ၅ခု

Shares 29

နေရာအနှံ့၊ကမ္ဘာအနှံ့မှာသင်မမြင်ဖူး၊မတွေ့ဖူးတဲ့အရာတွေအများကြီးရှိပါတယ်။နေရာအနှံ့သွား မလည်ဖြစ်ရင်တောင်နာမည်ကြီးပွဲတော်တွေမှာပါဝင်ဆင်နွှဲသင့်ပါတယ်။ကမ္ဘာအနှံ့က သင်သွားရောက်လည်ပတ်သင့်တဲ့နာမည်ကြီးပွဲတော် ၅ခုအကြောင်းကိုပြောပြပေးသွားပါမယ်။

၁။ Holi – India

Holi ပွဲတော်ကို အိန္ဒိယနဲ့နီပေါတို့မှာကျင်းပလေ့ရှိပါတယ်။အခုတော့ ကမ္ဘာပေါ်ကဒေသတော်တော်များများကိုပျံ့နှံ့သွားပြီလို့သိရပါတယ်။ဒီပွဲတော်မှာ ရောင်စုံအမှုန့်တွေနဲ့ပက်ကြ၊ဆေးချယ်ကြမှာဖြစ်လို့ လွတ်လပ်ပေါ့ပါးတဲ့ဝတ်စုံကို ၀တ်ဆင်သင့်ပါတယ်။ဘယ်သူမဆို ၀င်ရောက်ဆင်နွှဲလို့ရပြီးသီချင်းတွေ၊ အကတွေနဲ့စိတ်ကိုမြူးကြွပျော်ရွှင်စေမှာပါ။

၂။ Running of the bulls – Spain

စပိန်နိုင်ငံမှာကျင်းပတဲ့ရိုးရာပွဲတော်တစ်ခုပါ။နွားရိုင်းတွေကအနောက်ကပြေးလိုက်နေပြီး ထွက်ပြေးရတဲ့ ပွဲတော်တစ်ခုပါ။နှစ်တိုင်းမှာ လူအယောက် ၅၀လောက်ဒဏ်ရာ အနာတရဖြစ်ကြပါတယ်။ ဒါပေမဲ့လည်း အခုချိန်ထိ ပွဲတော်ထဲမှာပါဝင်ယှဉ်ပြိုင်နေတဲ့သူတွေ အများကြီးရှိပါတယ်။

၃။ Harbin Ice and Snow Festival – China

တရုတ်နိုင်ငံမှာကျင်းပတဲ့ ရေခဲနှင်းပွဲတော်တစ်ခုပါ။ဒီပွဲတော်ဇန်န၀ါရီလတိုင်းကျင်းပလေ့ရှိပြီး အကြီးဆုံးပွဲတော်တစ်ခုလည်းဖြစ်ပါတယ်။ဇန်န၀ါရီလမှာတရုတ်နိုင်ငံကိုသွားလည်ရင် ရေခဲတွေ၊နှင်းတွေနဲ့ဆောက်ထားတဲ့ရုပ်ထုတွေ၊အဆောက်အဦးတွေကိုမြင်တွေ့နိုင်ပါတယ်။

၎။ Glastonbury – England

ဒီပွဲတော်ဟာနိုင်ငံအနှံ့အပြားကလူတွေအမြဲတမ်းလာရောက်လည်ပတ်လေ့ရှိကြတဲ့အနုပညာပွဲတော်တစ်ခုပါ။ဂီတကိုချစ်မြတ်နိုးတဲ့သူတွေလာလည်သင့်တဲ့နေရာတစ်ခုပါ။ဒီပွဲတော်မှာ အနုပညာလက်ရာတွေအများကြီးမြင်တွေ့နိုင်ပါတယ်။

၅။ Battle of the oranges – Italy

အီတလီနိုင်ငံက နာမည်ကြီးပွဲတော်တစ်ခုပါ။လိမ္မော်သီးတွေနဲ့အချင်းချင်း ပစ်ပေါက်ကြတဲ့ပွဲတော် ဖြစ်ပြီး နိုင်ငံသားတိုင်းပါဝင်ဆင်နွှဲကြပါတယ်။လမ်းတိုင်းမှာ လိမ္မော်သီးတွေနဲ့ ပစ်ပေါက်ကစားနေ တာကိုမြင်တွေ့နိုင်ပြီး အားလုံးကပျော်ရွှင်နေကြတာကိုတွေ့ရမှာပါ။အီတလီနိုင်ငံ၊Ivrea မြို့မှာကျင်းပတာဖြစ်ပြီး ပွဲတော်အမှီသွားလည်ကြရင် ပျော်ရွှင်စရာကောင်းတဲ့ခရီးလေး တစ်ခုဖြစ်မှာပါ။

 

Shares 29
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *