အသည်းကွဲရောဂါအမြန်ဆုံးပျောက်ကင်းစေမယ့် နည်းလမ်းကောင်း ၇မျိုး

Shares 0

ချစ်သူနဲ့လမ်းခွဲပြီးတဲ့အခါမှာယောကျာ်းလေးရော၊မိန်းကလေးပါ အနည်းနဲ့အများစိတ်လေပြီး ဘာကိုမှလုပ်ချင်ကိုင်ချင်စိတ်မရှိဖြစ်တတ်ပါတယ်။တစ်နေရာရာမှာပဲ ထိုင်ဆွေးချင်နေသလိုလို ဖြစ်နေတတ်ပါတယ်။

အဲ့ဒါက အသည်းကွဲတာရဲ့ အစပါပဲ။အသည်းကွဲရောဂါဖြစ်လာပြီဆိုရင် အမြန်ဆုံးပျောက်ကင်း သွားစေမယ့်နည်းလမ်းကောင်းလေးတွေရှိပါတယ်။ဘာတွေလဲဆိုတော့

၁)အကောင်းမြင်စိတ်ထားပါ

အသည်းကွဲပြီးတဲ့အခါမှာ ဘယ်သူ့ကိုအပြစ်တင်ချင်မှန်းမသိဖြစ်နေတတ်ပါတယ်။အဲ့လိုမတွေးပဲ ဘယ်လောက်ပဲဝမ်းနည်းရပါစေ “အချိန်တန်ရင်မေ့ပျောက်သွားမှာ” “ရယ်စရာတစ်ခုလိုပဲဖြစ်သွားမှာ”လို့ တွေးပါ။စိတ်ကိုပေါ့ပေါ့ပါးပါးထားပါ။ငိုချင်ရင် တစ်ရက်ဝအောင်ငိုပြီး နောက်တစ်နေ့မှာစိတ်ကိုလန်းဆန်းအောင်ထားပါ။

၂)ကလေးတွေနဲ့ဆော့ကစားပါ

ကလေးတွေကအပြစ်ကင်းစင်ပြီးချစ်စရာကောင်းတာကြောင့်တူတွေ၊တူမတွေရှိရင်သူတို့နဲ့အချိန်ပေးပြီးဆော့ကစားပါ။စိတ်ကိုအပန်းပြေစေတဲ့အပြင်ကြည်နူးစေပါတယ်။

၃)သူငယ်ချင်းတွေနဲ့လျှောက်လည်ပါ

အသည်းကွဲနေတဲ့အချိန်အိမ်မှာတစ်ယောက်တည်းတွေးဆွေးမနေပါနဲ့။သူငယ်ချင်းတွေစုပြီး ရုပ်ရှင်ကြည့်တာ၊ရှိုးပွဲသွားတာ၊ခရီးသွားတာတစ်ခုခုလုပ်ပါ။သူတို့နဲ့ရယ်မောပျော်ရွှင်တာက စိတ်ဒဏ်ရာကိုသက်သာစေပါတယ်။

၎)စွန့်စားခန်းခရီးစဉ်တစ်ခုခုသွားပါ

တောင်တက်ခရီးစဉ်ဖြစ်ဖြစ်၊စွန့်စားရမယ့်ခရီးစဉ်တစ်ခုခုကို စိတ်ပြေလက်ပျောက်ခရီးထွက်ပါ။ တစ်ယောက်တည်းလည်းရသလို သူငယ်ချင်းအုပ်စုလိုက်ဆိုရင်တော့ပိုပြီးပျော်ဖို့ ကောင်း မှာပါ။ခရီးတစ်ခုထွက်တာက စိတ်ပင်ပန်းမှုပျောက်စေတဲ့အပြင် အတွေ့အကြုံအသစ်တွေလည်း ရရှိစေပါတယ်။

၅)အသစ်ကပြန်စပါ

သူနဲ့ပတ်သက်သမျှဓာတ်ပုံတွေ၊စာတွေကိုဖျက်ပါ။ရှိနေသေးသရွေ့ပြန်ကြည့်မိပြီး စိတ်ဒဏ်ရာဖြစ်နေ ပါလိမ့်မယ်။ ဆိုရှယ်မီဒီယာကအစ စိတ်သစ်လူသစ်နဲ့ပြောင်းလဲပြီး သူငယ်ချင်းတွေနဲ့ ပျော်ပျော် ရွှင်ရွှင်နေပါ။

၆)မိသားစုကိုအချိန်ပေးပါ

ချစ်သူရှိတုန်းကတော့ သူနဲ့တွေ့နေရလို့မိသားစုအတွက်အချိန်မပေးနိုင်ပဲဖြစ်နေပါလိမ့်မယ်။ အခုတော့ သင့်ရဲ့ စိတ်ကိုလွတ်လွတ်လပ်လပ်ထားနိုင်ပြီးမိသားစုနဲ့အတူ လျှောက်သွားလျှောက်လာလုပ်ပါ။မိသားစုကသာသင့်ကို စိတ်လုံခြုံမှုပေးနိုင်ပြီးနွေးထွေးမှုပေးနိုင်မှာပါ။

၇)တစ်ယောက်တည်းနေရတာကိုဂုဏ်ယူလိုက်ပါ

သင့်မှာချစ်သူရည်းစားမရှိတော့တဲ့အတွက်အချိန်တွေအများကြီးပိုထွက်လာတဲ့အပြင် စိတ်လည်းအနှောင့်အယှက်ဖြစ်စရာမလိုတော့ပါဘူး။တစ်ယောက်တည်းစိတ်ကြိုက်ဘ၀ကို ဖန်တီးလို့ရပါပြီ။ဘယ်လောက်ပဲချစ်ခဲ့တယ်ပြောပြော လမ်းခွဲပြီးသွားတဲ့အခါ အလိုလိုမေ့နိုင်သွားပါလိမ့်မယ်။

 

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *