ကြားရသူနားထဲခါးစေမယ့် မပြောသင့်တဲ့စကားများ

Shares 59

စကားပြောတဲ့အခါ ကိုယ်ပြောလိုက်တဲ့စကားလုံးတွေကိုရွေးချယ်တတ်
ဖို့လိုပါတယ်။ ပြောလိုက်တဲ့လူအတွက် ဘာမှမဖြစ်ပေမယ့် တစ်ချို့
စကားလုံးတွေက ကြားရတဲ့လူအတွက်
စိတ်ခံစားချက်တွေကိုထိခိုက်စေပါတယ်။ ပြောသင့်တဲ့စကားလေးတွေကို
ရွေးချယ်တတ်ဖို့ ဝေမျှပေးလိုက်ပါတယ်။

ကိုယ့်ချစ်သူတန်ဖိုးကျစေမယ့် စကားပြောခြင်း
” အဓိပ္ပာယ်မရှိလိုက်တာ” … ” အလုပ်ကိစ္စကို အဲ့လောက်ခေါင်းထဲ
ထည့်မနေနဲ့ ” ဒါမှမဟုတ် ” ဘယ်အချိန်ထိ ဒါကိုတွေးပူနေမှာလဲ” စသ
ဖြင့်… ထိုစကားတွေကို တစ်ဖက်သားကို နှစ်သိမ့်ပေးရာမရောက်တဲ့
အပြင် သူ့ရဲ့ခံစားချက်တွေကို တန်ဖိုးချရာရောက်ပါတယ်။ကိုယ်ကသူရဲ့ခံစားချက်ကိုလှောင်ပြောင်တာ၊ သူ့အတွေးတွေက အဓိပ္ပာယ်မရှိဘူးလို့ ထင်မြင်ချက်ပေးလိုက်ရင် သူတို့သင့်ကိုထပ်ပြီး
ရင်ဖွင့်မှာမဟုတ်တော့ပါဘူး။ သူတို့ပိုပြီး အထီးကျန်ဆန်သလို၊
ပစ်ပယ်ခံထားရသလို ခံစားရပါတယ်။ အဲ့ဒီအစား သူ့ချစ်သူရဲ့
စိတ်ခံစားချက်ကို နားလည်နိုင်အောင်ကြိုးစားပါ။

စိတ်မဝင်စားသလို ပြုမူပြောဆိုခြင်း
ချစ်သူနှစ်ဦးကြား တစ်ယောက်အပေါ် တစ်ယောက်စိတ်ဝင်စားမှုရှိနေ
ရပါမယ်။ ဒီလိုမှမဟုတ်ရင် စုံတွဲတွေပြတ်ကြတာပါပဲ။ သူနဲ့ပတ်သတ်ပြီး
စိတ်မဝင်စားသလို ပုံစံတွေမပြုမူပါနဲ့။ ကိုယ့်ကိုယ်ကိုသေချာမေးပြီး
ကိုယ်ဘယ်လိုခံစားနေရတယ်ဆိုတာ သူ့ကိုပြောပြပါ။

တစ်ခြားသူနဲ့နှိုင်းယှဉ်ခြင်း
ကိုယ့်ချစ်သူကို အခြားလူတွေနဲ့သွားမနှိုင်းပါနဲ့။ သူကတော့ ဘယ်လို
တော်တာ.. ဘယ်လိုအိမ်မှုကိစ္စနိုင်နင်းတာဆိုပြီး ချစ်သူနဲ့နှိုင်းယှဉ်ပြီး
မပြောပါနဲ့။ တစ်စုံတစ်ယောက်ကို ဥပမာအနေနဲ့သာပြောပြပြီး
အကောင်းမြင်နိုင်အောင် အာရုံစိုက်ပါ။ လူတိုင်းမှာ တန်ဖိုးကိုယ်စီရှိပြီးသားပါ။

သူနဲ့ပတ်သတ်ပြီး နောင်တရကြောင်းမပြောပါနဲ့
ရန်ဖြစ်တဲ့အခါ ” ငါတို့လုံးဝ မတွေ့ခဲ့ရင်ကောင်းမယ်” ဆိုတဲ့စကားမျိုးမှာ
တစ်ဖက်သားရဲ့စိတ်ခံစားချက်ကို များစွာထိခိုက်နိုင်တဲ့အဓိပ္ပာယ်တွေ
ပါတယ်။ သူနဲ့ပတ်သတ်မိတာ သင်ကအကြီးကျယ်ဆုံးအမှားကို
ကျုးလွန်လိုက်သလိုဖြစ်သွားတယ်လို့ သူ့ကိုတွေးထင်စေပါတယ်။
ဒီလိုပြောခံလိုက်ရတဲ့အခိုက်တန့်ဟာ သူ့အတွက် ဝမ်းနည်းစရာ
ကောင်းတဲ့အမှတ်တရတစ်ခုအဖြစ် အမြဲသတိရနေပါလိမ့်မယ်။
တတ်နိုင်လျှင် ဒီလိုစကားတွေပြောမထွက်အောင် ထိန်းပါ။
ဘာပဲဖြစ်ဖြစ် သင်တို့နှစ်ယောက်ဖြစ်တဲ့ပြဿနာက နှစ်ယောက်လုံးမှာ တာဝန်ရှိပါတယ်။

နင်မရှိလည်း ဖြစ်တယ်…
” နင်မရှိလည်း ငါနေနိုင်တယ်” ” ငါသနားလို့ ” …ဆိုတဲ့စကားတွေ
ဟာ တစ်ဖက်သားအပေါ် နိုင်စားလွန်းရာကျပြီး အလွန်စိတ်ထိခိုက်စေ
ပါတယ်။ ဘယ်လောက်ပဲပြဿနာဖြစ်နေပါစေ.. ဒီလိုစကားမျိုးပြော
မထွက်မိအောင်နေပါ။ သင့်ချစ်သူမှာလည်း မာနရှိတာကြောင့်
သူစိတ်နာသွားတဲ့တစ်နေ့ သင်အထားခံသွားရပါလိမ့်မယ်။

” မင်း အလုပ်မဟုတ်ပါဘူး”
” မင်းနဲ့မဆိုင်ပါဘူး ” ” မင်းအလုပ်မဟုတ်ပါဘူး ” … ” အားလုံးမင်း
သိအောင် ရှင်းပြနေရမှာလား” ဆိုတဲ့စကားမျိုးတွေ သူ့ကို တွန်းထုတ်
လိုက်သလို၊ သူ့ကိုသိမ်ငယ်သွားစေပါတယ်။ ဘာပဲဖြစ်ဖြစ် သင့်ရဲ့
ကိစ္စအကြမ်းဖျင်းလောက်ကိုတော့ သူမအနေနဲ့လည်း သိထားသင့်ပါ
တယ်။

ဆိတ်ဆိတ်နေခြင်းက ပိုဆိုး
စိတ်ဆိုးလို့ တစ်ယောက်နဲ့တစ်ယောက်စကားမပြောရင်း..၊မပြောရင်း
ကနေ မာနာတွေခံပြီး တစ်သက်လုံးမပြောဖြစ်တော့တာတွေရှိပါတယ်။
စုံတွဲတွေဟာ တစ်ယောက်အပေါ် တစ်ယောက်နားမလည်နိုင်တဲ့အခါ
ပြဿနာကိုဖြေရှင်းဖို့ အဖြေမရှာနိုင်ကြတော့ဘူး။
စကားမပြောဘဲ မနေပါနဲ့။ စကားနာထိုးပြီး မသာယာတဲ့စကားတွေ
ဖြစ်နေပါစေ.. ဆိတ်ဆိတ်နေခြင်းထက်တော့ ပိုပါတယ်။ သူမခေါ်ရင် ကိုယ်စခေါ်လိုက်ပါ။

Shares 59
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *