သင်မထင်မှတ်ထားတဲ့ ကမ္ဘာပေါ်က အကြီးမားဆုံးအရာများ

Shares 2K

ဟိုးအရင်တုန်းကဆို လူသားတွေထက်အဆမတန်ကြီးတဲ့
တိရစ္ဆာန်တွေရှိခဲ့ဖူးပါတယ်။ သစ်ပင်ကြီးတွေနဲ့အခြားအဆမတန်ကြီး
တဲ့ အရာတွေကမ္ဘာပေါ်မှာအများကြီးရှိခဲ့တယ်။ ဘယ်လောက်တောင်
ကြီးလဲဆို စကားလုံးတွေနဲ့တောင် တိုင်းထွာပြောလို့မရဘူးတဲ့။

Sequoia trees


Sequoia သစ်ပင်တွေဟာ ကမ္ဘာပေါ်မှာ ထုထည်အကြီးမားဆုံးနဲ့
အသက်ရှည်ဆုံး သစ်ပင်ကြီးတွေဖြစ်ပါတယ်။ အမြင့်ပေ ၂၇၅ထိ
မြင့်တက်နိုင်တယ်လို့သိရပါတယ်။

Amphicoelia


Amphicoelia တွေဟာ ကမ္ဘာပေါ်မှာအကြီးဆုံး တိရစ္ဆာန်တွေ
ဖြစ်ပါတယ်။ ထို အပင်စားဒိုင်နိုဆောကြီးတွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း
၁၄၅ကနေ ၁၆၁ မီလီလျံတုန်းက အသက်ရှင်နေထိုင်ခဲ့တယ်လို့သိရပါ
တယ်။ သူတို့အရှည်က ၅၈မီတာရှိပြီး ကျောရိုးအဆစ်တွေက
၂.၅ မီတာရှိတယ်လို့သိရပါတယ်။

Titanoboa


Titanoboa က boa တို့နဲ့ မျိုးနွယ်ချင်းတူပေမယ့် အကောင်အရွယ်
စားပိုကြီးပါတယ်။ Titanoboa တွေက လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၈ – ၆၁
မီလီလျံတုန်းက အသက်ရှင်နေထိုင်ခဲ့တယ်လို့သိရပါတယ်။
အခုခေတ် စပါးအုံးကြီးတွေကတော့ ၇.၅ မီတာလောက်ပဲကြီးထွား
နိုင်ပါတော့တယ်။

Argentavis


Argentavis တွေဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၅- ၈ မီလီလျံလောက်က
သက်ရှင်နေထိုင်ခဲ့ပါတယ်။ ကမ္ဘာပေါ်မှာအကြီးမားဆုံး ငှက်အဖြစ်
သတ်မှတ်ထားပါတယ်။ သူတို့ရဲ့တောင်ပံတစ်ဖက်ဟာ ၇မီတာ
လောက်ထိရောက်နိုင်ပါတယ်။

The Paradise Cave


ဗီယမ်နမ်ရှိ Phong Nha-Kẻ Bàng National Park မှ
လှိုဏ်ခေါင်းတစ်ခုဟာ ကမ္ဘာပေါ်မှာအကြီးဆုံးနဲ့ အလှဆုံးဖြစ်ပါတယ်။
၅ ကီလိုမီတာရှည်လျားပြီး မီတာ ၂ဝဝမြင့်ကာ ၁၅ဝ မီတာကျယ်ဝန်းပါတယ်။

Blue whale


အခုခတ်မှာ ဝေလငါးတွေကို အကြီးဆုံးငါးတွေအဖြစ်သတ်မှတ်
ထားကြသလို၊ ဟိုးအရင်တုန်းကလည်း ကမ္ဘာ့သမိုင်းမှာအကြီးမား
ဆုံး ရေနေသတ္တဝါအဖြစ်သတ်မှတ်ခဲ့ပါတယ်။ ထိုငါးတွေရဲ့အရှည်က
၃၃မီတာရှိပြီး အလေးချိန်က တန်၁၅ဝရှိတယ်လို့သိရပါတယ်။
၁၉၆ဝခုနှစ်တုန်းက ဝေလငါးတွေအကုန်သတ်ခံလိုက်ရပြီး
ဝေလငါးပေါင်း ၅ဝဝဝလောက်ပဲကျန်ရှိခဲ့တယ်လို့သိရပါတယ်။
အခုခေတ်မှာတော့ ဝေလငါးအရေတွက်ဟာ ၁ဝဝဝဝ​ကျော်တောင်မရှိတော့ပါဘူး။

Shares 2K
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *