အခုချိန်ထိ ဘာကြောင့် single ဖြစ်နေသေးတာလဲ?

Shares 0

တစ်ယောက်တည်းဖြစ်နေတဲ့လူတွေ အခုခတ်မှာ သိပ်များလာပါ
တယ်။ တစ်ခါတစ်လေ ကိုယ်စိတ်နဲ့ ထပ်တူကျမယ့်လူမျိုးကို
တွေ့လာမှာမဟုတ်ဘူးလို့တောင် တွေးမိကြပါလိမ့်မယ်။

သူငယ်ချင်းတွေ အတွဲကိုယ်စီနဲ့သာယာနေချိန် သင်တစ်ယောက်
တည်းဖြစ်နေရတဲ့အကြောင်းရင်းတွေကို ဝေမျှပေးလိုက်ပါတယ်။

အရင်က အသည်းကွဲခဲ့ဖူးတာကြောင့် ကြောက်ရွံ့နေခြင်း


အရင်ရည်စားကြောင့် ဆိုးဝါးစွာ အသည်းကွဲခဲ့ဖူးတာမို့ နောက်ထပ်
ချစ်ရမှာကို ကြောက်ရွံ့နေတာလည်းဖြစ်နိုင်ပါတယ်။ နောက်
တစ်ယောက်နဲ့တွေ့ရင်လည်း သူလည်း ဒီလိုပဲလာမှာပါလို့
စိတ်ကတွေးထင်မိနေတာကြောင့် လက်လွှတ်လိုက်တဲ့လူတွေ
ရှိကောင်းရှိပါလိမ့်မယ်။ အချိန်ယူပါ။ စဉ်းစားပါ။ ကိုယ်တကယ်
ဘာကိုလိုချင်တာလဲဆိုတာ သေချာနားလည်အောင်လုပ်ပါ။

သတ်မှတ်ချက်တွေများနေခြင်း


တစ်ချို့မိန်းကလေးတွေဆို မင်းသားလောက်နီးပါးချောတဲ့ ယောက်ျား
လေးတွေကို မှန်းထားကြသလို၊ တစ်ချို့ယောက်ျားလေးတွေကလည်း
ချောလှတဲ့ မိန်းကလေးတွေမှ လိုချင်ကြတာလည်းရှိပါတယ်။
သတ်မှတ်ချက်တွေများနေပြီး အရွေးလွန်သွားရင် တစ်ယောက်တည်း
ဖြစ်သွားတတ်ပါတယ်။ အပေါ်ယံအလှတရားထက် စိတ်ထား
အကျင့်စရိုက်တွေကပိုအရေးကြီးပါတယ်။ရုပ်ချောပြီး စိတ်ဓာတ်နဲ့
နေထိုင်မှုအကျင့်စရိုက်တွေက ကိုယ်နဲ့မကိုက်ညီရင် အလကားပါပဲ။
ကိုယ်တစ်သက်လုံးပေါင်းသင်းနေထိုင်ရမှာဖြစ်တဲ့အတွက် သေချာရွေးချယ်တတ်ဖို့လိုပါတယ်။
စိတ်နေစိတ်ထား အကျင့်စရိုက်က ကိုယ်နဲ့ကိုက်ညီတယ်..
ရုပ်လည်းချောတယ်ဆိုရင်တော့ အတိုင်းထက်အလွန်ပေါ့။

ဆိုင်သူရှိပြီးသားလူကို မျှော်လင့်နေမိခြင်း


ကိုယ့်ကို ပြန်မချစ်နိုင်တဲ့လူအတွက် အချိန်ကုန်မခံပါနဲ့။
စဉ်းစားကြည့်ပါ။ သူ့ကိုချစ်တဲ့လူကိုထားခဲ့ပြီး သင့်ဆီလည်းမလာနိုင်
ပါဘူး။ ကိုယ်နဲ့ဖူးစာပါတဲ့လူကရှိပြီးသားပါ။ မဖြစ်နိုင်တဲ့လူတစ်ယောက်
ကို မျှော်လင့်နေမယ့်အစား ကိုယ့်အတွက်သင့်တော်မယ့်လူ
တစ်ယောက်ကိုရွေးချယ်ပါ။ ကိုယ့်ကိုယ်ကိုနှိပ်စက်နေတာတွေ
ရပ်လိုက်ပါတော့။

အားလုံး အတူတူပါပဲ..


” ယောကျာ်းတွေအားလုံး အတူတူပဲ”… မိန်းကလေးတွေပြောတတ်
ကြသလို ယောက်ျားလေးတွေလည်း မပြောဘူးမထင်ပါနဲ့ ! ကိုယ်နဲ့
စိတ်မတူတဲ့လူတွေကို တွေ့နေရလို့သာ ဒီလိုစကားမျိုးထွက်တာဖြစ်ပါ
တယ်။ လူတစ်ယောက်နဲ့ တစ်ယောက်ကမတူနိုင်ပါဘူး။
ဖြတ်သန်းလာတဲ့ ပတ်ဝန်းကျင်လည်းမတူညီတာကြောင့် အကျင့်
စရိုက်တွေ ကွာဟပါတယ်။ အားလုံးကို အကုန်အတူတူပဲလို့မတွေး
ပစ်ပါနဲ့။ အသေးမွှားလေးတွေဆိုပေမယ့် တစ်ချို့အရာတွေက
သင့်ဘဝအတွက် ဘယ်လိုအရေးပါလာမလဲ မသိနိုင်တာကြောင့်
လစ်လျူမရှုလိုက်ပါနဲ့။

လက်တွေ့ဘဝကို ရင်ဆိုင်ရမှာစိုးရိမ်နေခြင်း


အိမ်ထောင်ကျပြီးတဲ့အခါ ဖြတ်ကျော်ရမယ့်အရာတွေကို ကြိုတွေးပြီး
စိုးရိမ်နေတာမျိုးဖြစ်တတ်ပါတယ်။ ကိုယ့်ရဲ့လွတ်လပ်နေတဲ့
အချိန်လေးတွေ အရင်လိုမဟုတ်ဘဲ အလုပ်တွေပိုများလာမှာကို
တွေးကြောက်ကြတယ်။ ဒီအခြေအနေကို ဘာမှလုပ်လို့မရပါဘူး။
ဖြစ်မလာသေးတာကိုတော့ ကြိုပြီးမစိုးရိမ်ပါနဲ့။ မကောင်းတဲ့
အတွေးတွေကို ဖျောက်နိုင်အောင်ကြိုးစားပါ။

Shares 0
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *