ပြည့်စုံကောင်းမွန်တဲ့ Selfie ပုံတစ်ပုံရဖို့ အဆင့်၃ဆင့်လိုတယ်လို့ပြောပြခဲ့တဲ့ EXO အဖွဲ့ဝင် Suho

Shares 65

နာမည်ကြီးအဆိုတော်အဖွဲ့EXO ရဲ့ အဖွဲ့ဝင်တစ်ယောက်ဖြစ်တဲ့ Suhoက ဓာတ်ပုံကောင်းကောင်း တစ်ပုံရဖို့ အဓိကအခြေခံအဆင့် ၃ဆင့်လိုတယ်လို့သူ့ရဲ့ ပရိသတ်တွေကိုပြောပြခဲ့ပါတယ်။

ပထမဆုံးအဆင့်ကတော့ အလင်းရောင်ကောင်းကောင်းချိန်တတ်ရမယ်။ ဓာတ်ပုံရိုက်မယ်ဆိုရင်အလင်းရောင်ရှိမှ မျက်နှာအနေအထားပေါ်လွင်ပြီးကြည်လင် ပြတ်သားမှာဖြစ်ပါတယ်။

ဒုတိယအဆင့်ကတော့ သူကပရိသတ်တွေအတွက်ဓာတ်ပုံတင်ပေးတဲ့အခါ ထောင့်မျိုးစုံကနေ ရိုက်လေ့ရှိပါတယ်။ဒါပေမဲ့အများအားဖြင့် ကင်မရာကိုမျက်နှာအပေါ်ဘက်မှာထားပြီး ရိုက်တာကအကောင်းဆုံးပါပဲတဲ့။

နောက်ဆုံးအဆင့်ကတော့ ဓာတ်ပုံကောင်းကောင်းတစ်ပုံရဖို့ဆိုတာမလွယ်ပါဘူး။ လူပုံပဲဖြစ်စေ၊တခြားပုံပဲဖြစ်စေ ကင်မရာရိုက်တဲ့အခါ အနည်းဆုံး ပုံစံအနေအထားပြောင်းပြီး ၅ပုံလောက်ရိုက်ပေးသင့်ပါတယ်။အဲ့ဒါမှကိုယ်လိုချင်တဲ့ ဓာတ်ပုံကောင်းကောင်းတစ်ပုံရလာမှာလို့ပြောပြခဲ့ပါတယ်။

ဒါပေမဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုအပြည့်ရှိတဲ့ Chanyeol ကတော့ ဆယ်လ်ဖီပုံကိုတစ်ခါပဲရိုက်လေ့ရှိတယ်လို့သိရပါတယ်။EXO အဖွဲ့ဝင်တွေရဲ့ ဆယ်လ်ဖီပုံလေးတွေ ကြည့်ကြည့်ပါဦး။သူတို့ကတော့ အမြဲတမ်းအထာကျပြီးလန်းနေတာနော်။

 

Shares 65
Trend Myanmar Team မှ စီစဉ်တင်ဆက်သော trend.com.mm တွင် ဖော်ပြပါရှိသော သတင်းများ၊ သတင်းဆောင်းပါးများ၊ ဘာသာပြန်ဆောင်းပါးများကို မည်သည့် facebook စာမျက်နှာ ၊ website များတွင်မဆို ပြန်လည်ကူးယူ ဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *